၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုံးယိမ်းပြိုင်ပွဲကို ကျင်းပမည်

၇၁ နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုံးယိမ်းပြိုင်ပွဲကို ကျင်းပ မည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ကရင်ဒုံးယိမ်းပြိုင်ပွဲ အကြိုညှိနှိုင်း အစည်းအဝေး၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
အဆိုပါ ဒုံးယိမ်းပြိုင်ပွဲသည် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းဒေသကြီးအနေဖြင့် ကျင်းပသည့် ပုံစံမျိုးဖြစ်မည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ပြီး ပို၍ကောင်းမွန်သည့် ပွဲတစ်ပွဲလည်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကာ ဆုရသွားသူများကလည်း ရန်ကုန်တိုင်းကို ကိုယ်စားပြုသည့်အဖွဲ့များ ဖြစ်လာမည်ဖြစ်ပြီး၊ လာမည့် ပြည်ထောင်စုနေ့ တွင် ကပြဖျော်ဖြေစရာရှိသည့် ကိစ္စရပ်မျိုးများတွင် ကိုယ်စားပြုကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
 
ထို့အတူ နိုင်ငံတကာတွင် ကျင်းပမည့် ပွဲတော်များရှိလျှင် ရန်ကုန်တိုင်း ကိုယ်စားပြုပြီးသွားရမည့် အခါ ၄င်းအဖွဲ့များက ကိုယ်စားပြုပြီး သွားရမည် ဖြစ်ကြောင်းနှင့် နောက် ၃ နှစ် ဆက်တိုက်လုပ်သွားမည့် ကဏ္ဍ ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။
 
အစည်းအဝေးအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်ဂျက်ဖြင့် ပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ဒုံးယိမ်းပြိုင်ပွဲဝင်မည့် မြို့နယ်အသီးသီးအတွက် ကုန်ကျစရိတ်များကို ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment