Pond's Men နှစ်သစ်ကူး အထူး ပရိုမိုးရှင်းအစီအစဉ်မှ ပထမဆုံး ကံထူးသူ ၅ ဦးထွက်ပေါ်

Unilever Myanmar မှ ထုတ်လုပ်ထားသည့် Pond's Men အသားအရေ ထိမ်းသိမ်းရေး အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ပရိုမိုးရှင်းအစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် နှစ်သစ်ကူး အထူးပရိုမိုးရှင်းပွဲတော်ကို ၂၀၁၇ နိုဝင်ဘာလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ယခုအခါမှာတော့ အဆိုပါ အထူးပရိုမိုးရှင်း အစီအစဉ်မှ အကြီးမားဆုံး ဆုကြီးတစ်ဆုနဲ့ အတူ ပထမဆုံးကံထူးရှင် ၅ ဦး ပေါ်ထွက်လို့ လာခဲ့ပြီဖြစ်ပါတယ်။ Pond's Men မှ ချီးမြှင့်တဲ့ အထူးဆုကြီး ၂ ဆု အနက်မှ တစ်ဆုဖြစ်တဲ့ Brand New Ford Rap Cab ကားကို ကံထူးခဲ့သူကတော့ မုံရွာမြို့မှ ကိုမင်းခန့် ဖြစ်ပြီး အခြား ကံထူးရှင်လေးဦးဖြစ်တဲ့ လယ်ဝေးမြို့မှ ဒေါ်မြင့်မြင့်သင်း၊ မှော်ဘီမြို့မှ ကိုရန်မျိုးအောင်၊ ပခုက္ကူမြို့မှ ဦးစံကွန့်နှင့် ပုသိမ်မြို့မှ ဦးခင်မောင်ကြီး တို့ကတော့ iPhone 7 များကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
 
အထူးဆု မော်တော်ကား တစ်စီးနဲ့ iPhone 7 လေးလုံး ထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ထပ် ဆုကြီးတစ်ဆုအဖြစ် Brand New Ford Everest ကားအပြင် iPhone 7 နှစ်လုံးနဲ့ အခြား ငွေသားဆု ထောင်ပေါင်းများစွာ ကျန်ရှိနေသေးတယ် လို့လည်း သိရပါတယ်။
 
Unilever Myanmar ကုမ္ပဏီသည် Pond's Men အမှတ်တံဆိပ်ကို ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက် ခဲ့တာဖြစ်ပြီး အမျိုးသားများအတွက် အကောင်းဆုံး အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ကုန်များကို ပေးအပ်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment