ဘားကမ့်ရန်ကုန်အတွက် အွန်လိုင်းမှ စတင်မှတ်ပုံတင်နိုင်ပြီ

ယခုလတွင်းမှာ ကျင်းပပြုလုပ်မယ့် ဘားကမ့်ရန်ကုန်အတွက် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ပြီလို့ သိရပါတယ်။ https://www.eventnook.com/event/barcampyangon2018 တွင် သွားရောက် ပြုလုပ်နိုင်မှာဖြစ်ပြီး အဆိုပါ မှတ်ပုံတင်ကတ်ဖြင့် ဘားကမ့်အင်္ကျီများ မေတ္တာလက်ဆောင် ပြန်လည်ပေးအပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
 
၉ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်တဲ့ ရန်ကုန်ဘားကမ့် ကို ဇန်န၀ါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ MICT Park (Main Building) မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဘားကမ့်ဆိုတာကတော့ Networking ဆိုင်ရာ နည်းပညာ များ၊ Programming ဆိုင်ရာ အသိပညာများ၊ စီးပွားရေးဆိုင်ရာ အသိပညာများ၊ ဓာတ်ပုံရိုက်ကူးခြင်းဆိုင်ရာ နည်းပညာများအပြင် အခြားနယ်ပယ်အသီးသီးမှ နည်းပညာ၊ အသိပညာရှင် အတတ်ပညာရှင် ဆရာကြီးများက ၄င်းတို့ရဲ့ နယ်ပယ် အသီးသီး နဲ့ပတ်သတ်ပြီး ဘယ်လို ကြိုးစားသင့်ပုံ၊ ဘယ်လို လျှောက်လှမ်းသင့်ပုံ၊ ဘယ်လို လေ့လာသင့်ပုံ အစရှိတဲ့ ဗဟုသုတပေါင်းများစွာကို ဟောပြောကြမှာဖြစ်ပြီး လာရောက်လေ့လာ နားထောင်သူများ အနေနှင့်လည်း မိမိသိလိုသည်၊ တတ်လိုသည်များကို ပြန်လည်မေးမြန်းနိုင်ဖို့ စီစဉ်ဖန်တီးထားတဲ့  အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်။
 
ဘားကမ့်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း နှစ်စဉ်ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ ပထမဆုံး ရန်ကုန်ဘားကမ့်ကို ၂၀၁၀ ခုနှစ်မှာ စတင်ကျင်းပဖြစ်ခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အအောင်မြင်ဆုံး အခမ်းအနားတစ်ရပ် ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment