၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁၅၃ သန်း ရောင်းချနိုင်ခဲ့တဲ့ Huawei

နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်းတွေ အများအပြား ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရှိရပြီး ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာက Huawei စမတ်ဖုန်းတွေကို များစွာ ၀ယ်ယူထားခဲ့ ကြတယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
 
ဒီသတင်းကို Huawei ရဲ့ စီအီးအို (CEO) ဖြစ်သူ ken Hu က ပြောကြားခဲ့ တာဖြစ်ပြီး ၂၀၁၇ တစ်နှစ်အတွင်းမှာ အံ့သြဖွယ် ကောင်းလောက်အောင် စမတ်ဖုန်း အလုံးရေ ၁၅၃ သန်းကို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းကုမ္ပဏီဟာ အခုလို များစွာရောင်းချခဲ့ရတဲ့ အတွက် ကမ္ဘာ့ နံပါတ် ၃ စမတ်ဖုန်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ရပေမယ့် ၄င်းတို့ ကုမ္ပဏီအနေနဲ့ ယခုနှစ် ပြန်လည်ရရှိခဲ့တဲ့ အမြတ်ငွေဟာ ယခင်နှစ်တွေ ကထက် လျော့နည်း နေခဲ့တယ်လို့လည်း သိရပါတယ်။ အကြောင်း ကတော့ Huawei ဟာ ကင်မရာ အရည်အသွေး အလွန်ကောင်းမွန်ပြီး နည်းပညာ မြင့်မားစွာ ထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Huawei Nova 2i နဲ့ Honor 7X လိုဖုန်းတွေကို ၀ယ်ယူသုံးစွဲသူများ အဆင်ပြေစေဖို့ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတာကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။
 
Huawei စမတ်ဖုန်းကုမ္ပဏီဟာ အရည်အသွေးကောင်း ဈေးသက်သာမှုကြောင့် စမတ်ဖုန်း သုံးစွဲသူများအကြား
နာမည်ကောင်း ပြန်လည်ရရှိလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ နာမည်ရ Huawei စမတ်ဖုန်းကုမ္ပဏီဟာ နောက်နှစ်တွေမှာလည်း ယခုနှစ်ကထက် စမတ်ဖုန်းတွေ ပိုမို ထုတ်လုပ်ရောင်းချနိုင်ဖို့ စီစဉ်ထားပြီး မကြာခင်မှာ Huawei Mate 10 Pro စမတ်ဖုန်းကိုလည်း အမေရိကန်ဈေးကွက်မှာ ရောင်းချသွားနိုင်အောင် စီစဉ်နေတယ်လို့လည်း သိရပါတယ်။
 
The ladies news
 

 

Vote: 
Average: 5 (1 vote)

Add new comment