You are here
ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အထည်ချူပ်စက်ရုံ ၁၂ ရုံတွင် လုပ်ငန်းခွင် အခြေအနေ တိုးတက်ရေးအတွက် MYPOD စီမံကိန်း လုပ်ဆောင်မည်
Posted: December 6, 2017

ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် မြန်မာနိုင်ငံရှိ အထည်ချူပ်စက်ရုံ ၁၂ ရုံတွင် လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့် ရေးနှင့် လုပ်ငန်းခွင် ညှိနှိုင်းဆောင်ရွက်ရေး ဆိုင်သည့် MYPOD စီမံကိန်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင် လမ်းဆုံရှိ Hotel Yangon ကျင်းပပြုလုပ်သည့် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။
၎င်းစီမံကိန်းအား မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း တိုးတက် ပြောင်း လဲမှုများ ပြုလုပ်ရန်အတွက် Danish Ethical Trading Initiative (DIEH)၊ Ethical Trading Initiative UK (ETI, BESTSELLER၊the United Federation of Workers in Denmark - 3F၊Aalborg University တို့ဖြစ်ကြောင်း သိရသည်။
Danish Eth'cal Trading Initiative(DIEGlH)မှ ဒါရိုက်တာ Ms.Mette Boyeက"စီမံကိန်းကတော့ စပြီးသား။ ဒီကနေ့ကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး မိတ်ဆက်ပွဲ လုပ်တာဖြစ်တယ်။ မနက်ဖြန်ကျရင် စက်ရုံပိုင်ရှင် အကုန်လုံးစုပြီး တွေ့ဆုံဖို့ရှိတယ်။ နောက်ပိုင်း သင်တန်းတွေ ပေးတာ ဘာတွေရှိလာနိုင်တယ်” ဟု ပြောသည်။
အဆိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုများ ရှိခဲ့ပြီး မြန်မာနိုင်ငံ တွင် Bestseller အမှတ်တံဆိပ်ချုပ်သည့် အထည်ချူပ်စက်ရုံများနှင့် စီမံကိန်း ဖော်ဆောင်ရန် သတ်မှတ်ချက် ကိုက်ညီသည့် အထည်ချူပ်စက်ရုံ ၁၂ ရုံတွင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် အမေရိကန်ဒော်လာ ၁ ဒသမ ၅ သန်း အသုံးပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ ဖြစ်သည့် IWFM နှင့် MICS တို့နှင့် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Ms.Mette Boye က "ဘင်္ဂလားဒေ့ရှ်မှာ ဒီလိုစီမံကိန်း လုပ်တာရှိတယ်။ အဲ့ဒီက အတွေ့အကြုံနဲ့ အဓိက လုပ်နေတဲ့ လုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှု မြင့်တက်လာဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီကနေပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ လုပ်ငန်းများ ဖြစ်လာဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီစီမံကိန်း လုပ်ဆောင်တဲ့ လုပ်ငန်းတွေကနေ တစ်ဆင့် အခြားစက်ရုံတွေကို ပျံ့နှံ့သွားဖို့ကိုလည်း ယုံကြည် မျှော်လင့်ပါတယ်”ဟု ပြောသည်။
စိုင်းဟန်
The Ladies News
Vote:
Add new comment