ကမ္ဘာ့အဆင့် ဂိုးသမားရွေးချယ်မှုမှာ အဆင့် ၇ သာရရှိခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ တစ်နှစ်ထက်တစ်နှစ် စွမ်းဆောင်ရည် ပိုမိုကောင်းမွန် လာတာကြောင့် ကမ္ဘာ့အဆင့် ဂိုးသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ ၁၄ ကြိမ်တိတိ ကာကွယ်ခဲ့နိုင်ပြီး မှတ်တမ်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ ဒီဂီယာကို အသင်းနည်းပြ မော်ရင်ဟို အပါအ၀င် ပြိုင်ဘက်အသင်းနည်းပြတွေ ကိုယ်တိုင်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားအဖြစ် ချီးကျူးစကား ဆိုထားကြတာပါ။
 
ဒါပေမယ့် ဒီလို ချီးကျူးမှုတွေဟာ ကမ္ဘာ့ဂိုးသမား အဆင့် ရွေးချယ် ဆုံးဖြတ်တဲ့ နေရာမှာတော့ အထောက်အကူ မဖြစ်စေခဲ့ပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် ဘောလုံး အားကစားသတင်းဌာန France Football ရဲ့ ကမ္ဘာ့ အကာင်းဆုံး ဂိုးသမား ရွေးချယ်မှုမှာတော့ မန်ယူဂိုးသမား ဒီဂီယာဟာ အဆင့် ၇ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
 
ကမ္ဘာ့အကောင်ဆုံး ဂိုးသမား စာရင်းဝင်တွေအဖြစ် အဆင့် ၁။ မန်နူရယ် နူအာ (ဘိုင်ယန်)၊ ၂။ ဂီယန်လူဂီ ဘူဖွန် (ဂျူဗင်တပ်)၊ ၃။ သီဘောက် ကော့တွိုက် (ချဲလ်ဆီး)၊ ၄။ ဟူဂိုလိုရစ် (စပါး)၊ ၅။ အိုဘလက်၊ (အက်သလက်တီကို)၊ ၆။ ကိုင်လာနာဗက် (ရီးရဲမက်ဒရစ်)၊ ၇။ ဒေးဗစ် ဒီဂီယာ (မန်ယူ)၊ ၈။ တာစတီဂျန် (ဘာစီလိုနာ) နှင့် ၉။ ဟန်ဒါနိုဗစ် (အင်တာမီလန်) တို့က အသီးသီး ရပ်တည်လျက်ရှိပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment