အမျိုးသားတွေကြား အလွန်ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက Cup C Cafe House

ထိုင်းနိုင်ငံ ရတ်ချာဘူရီ (Ratchaburi) မှာရှိတဲ့ Cup C Cafe House ဟာ ဆိုင်ဝန်ထမ်း မိန်းမလှလေးများရဲ့ ဧည့်ခံမှုကြောင့် အလွန် ရေပန်းစား နာမည်ကြီးနေတယ်လို့ သိရပါတယ်။ ၀န်ထမ်းတစ်ယောက်တိုင်းစီဟာ လှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ယူနီဖောင်းတွေကို ၀တ်ဆင်ထားတာကြောင့် ဆိုင်တွင်းသို့ ၀င်ရောက် လာတဲ့ ဧည့်သည်များကို ဖမ်းစားညှို့ယူနိုင်တာလည်း ဖြစ်ပါတယ်။
 
၎င်းတို့ဆိုင်ကို လာရောက် စားသုံးတဲ့ ဖောက်သည်တစ်ယောက်မှ ဆိုင်အတွင်းရှိ ၀န်ထမ်းမိန်းမလှလေးများကို ဓာတ်ပုံရိုက်ယူပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုက် ခြင်းကြောင့် တဟုန်ထိုး နာမည်ကြီးလာခဲ့တာပါ။ ဆိုရှယ်မီဒီယာတွင် တင်ထားသော ပုံများကြောင့်ပင် ရုတ်တရက်ဆိုသလို ဆိုင်အတွင်းသို့ အမျိုးသား ဧည့်သည်များ ပြုံကျလာခဲ့ပြီး ထိုင်ခုံ၊ စားပွဲများပင် နေရာလွတ်မကျန်အောင် အားပေးသူတွေ များပြားခဲ့ပါတယ်။
 
ဆိုင်ပိုင်ရှင် ကိုယ်တိုင်ကပင် ထိုအဖြစ်အပျက်ကို လွန်စွာမှ အံ့အားသင့်မိကြောင်းနှင့် ယူနီဖောင်း ကိစ္စနဲ့ ပတ်သတ်လို့
"၀န်ထမ်းတွေ အားလုံးကို ယူနီဖောင်း ကိစ္စနဲ့ ပတ်သတ်ပြီး မကန့်သတ်ထားပါဘူး။ စိတ်ကြိုက် ၀တ်ခွင့်ပေးထား ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေပီပီ လှပချင်လို့ အခုလို ယူနီဖောင်းမျိုးကို ရွေးချယ်ကြတာပါလို့" ပြောကြား ထားပါတယ်။ အွန်လိုင်းတွင် ပုံများ ပျံ့နှံ့မှု များလာပြီးတဲ့ နောက်မှာတော့ အလွန်ဝေးလံတဲ့ နေရာဒေသတွေက လူများလည်း တကူးတက လာရောက် အားပေးသူများလည်း များပြားလျက်ရှိပါတယ်။
 
Ref: 9gag
The Ladies News
 

 

Vote: 
No votes yet

Add new comment