ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ Dangal

ဘောလိဝုဒ်ဇာတ်ကားတွေဟာ ရုပ်ရှင်လောကမှာ ၁၉၆၀ ခုနှစ်ကစပြီး အောင်မြင်မှု ရလာခဲ့တာဖြစ်ပြီး ယနေ့ အချိန်အထိ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ဆဲပဲ ဖြစ်ပါတယ်။
 
Dangal ဟာလည်း ၀င်ငွေစံချိန် အများဆုံးရရှိခဲ့တဲ့ ဘောလိဝုဒ် ရုပ်ရှင်များထဲမှ တစ်ကား အပါအ၀င် ဖြစ်ပါတယ်။ Dangal လို့ ကြားတာနဲ့ နာမည်ကျော်မင်းသား ကြီး Aamir Khan (အမီရ်ခမ်း) အဓိက ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင် ထားတယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ အိန္ဒိယ နပန်းသမားကြီး Mahavir Singh Phogat ရဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
 
Dangal ကို အမေရိကားမှာ ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်မှာ စတင်ပြသခဲ့ပြီးတော့ အာရှနိုင်ငံများ အပါအ၀င် အခြားနိုင်ငံများမှာတော့ ဒီဇင်ဘာ ၂၃ မှာ ပြသခဲ့ပါတယ်။ အိန္ဒိယတွင် ရုပ်ရှင်ရုံပေါင်း ၄၃၀၀ ခန့်ရှိသည့်အနက် ရုံပေါင်း ၁၀၀၀ မှာ ရုံတင်ပြသခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်အများအပြား ရှိပြီး ကမ္ဘာတစ်ဝန်းမှ ၀င်ငွေ ကန်ဒေါ်လာ သန်း ၂၄၀ ရရှိခဲ့ပါတယ်။ Dangal ဟာ အင်္ဂလိပ် စကားပြော ဇာတ်ကားမဟုတ်ပေမယ့် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
 
Ref: WondersList
The Ladies News
 

 

Vote: 
No votes yet

Add new comment