MRTV4 ၏ Let’s Talk အစီအစဉ်တွင် မင်းသားရဲတိုက် ပါဝင်ဆွေးနွေးမည်

နယ်ပယ်အသီးသီးက နာမည်ကြီး ဆယ်လီများနှင့် အင်တာဗျူး ပြုလုပ်တင်ဆက်ပေးခဲ့ပြီး လူသိများလာတဲ့ MRTV-4 ၏ Let's Talk အစီ အစဉ်မှာ မင်းသားရဲတိုက်က တွေ့ဆုံမေးမြန်းခန်း ပါဝင်ဖြေကြားပေး မယ်လို့ သိရပါတယ်။
 
ယင်း အစီအစဉ် ရိုက်ကူးရေးအတွက် ရဲတိုက်၏ မိတ်ကပ်နှင့် ဆံပင်ကို မိတ်ကပ်ညီညီမောင် (စမ်းချောင်း)က တာဝန်ယူ ဖန်တီးပေးခဲ့တယ်လို့ ညီညီမောင် ( စမ်းချောင်း) ဖေ့စ်ဘွတ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။
 
Let's Talk အစီအစဉ်ဟာ နိုင်ငံကျော် အနုပညာရှင်များ နဲ့ အခြားနာမည်ရ ဆယ်လီအချို့ရဲ့ ရင်တွင်း ခံစားချက်တွေကို စုံစုံလင်လင် သိရှိနိုင်စေဖို့ တင်ဆက်ပေးတဲ့ အစီအစဉ်တစ်ခုပါ။ ရဲတိုက်ရဲ့ Let's Talk အစီအစဉ်ကို ဘယ်အချိန် ထုတ်လွှင့်ပြသမယ်ဆိုတာ အတိအကျတော့ မသိရှိရသေး ပါဘူး။ မကြာခင် ထုတ်လွှင့်မှာ ဖြစ်တဲ့အတွက် ပရိသတ်များ စောင့်မျှော် ကြည့်ရှုနိုင်ကြတော့မှာ ဖြစ်ပါတယ်။
 
ရဲတိုက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က တောင်ငူ အကျဉ်းစခန်းက ပြန်လည် လွတ်မြောက်လာခဲ့ပြီး သူချစ်တဲ့ ပရိသတ်များနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသေးတယ်။ ရဲတိုက်ကတော့ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ မိခင်ထုတ်လုပ်ရေး ဖြစ်တဲ့ ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ဆွေးနွေးညှိနှိုင်းပြီး အနုပညာအလုပ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
 
Photo - မိတ်ကပ်ညီညီမောင် (စမ်းချောင်း)
The Ladies News

 

Vote: 
No votes yet

Add new comment