Visa ကတ်အသုံးပြုသူ မြန်မာနိုင်ငံရှိ ဂေါက်သီးရိုက် အားကစားသမား များနှင့် နိုင်ငံတွင်း လာရောက် လည်ပတ်သူ များအတွက် အထူးအစီအစဉ် တစ်ရပ်ကို ပြုလုပ်မည်

Green Golf မိုဘိုင်း App မိတ်ဆက်သည့် အထိမ်းအမှတ် အနေဖြင့် Visa ကတ်အသုံးပြုသူ မြန်မာနိုင်ငံရှိ ဂေါက်သီးရိုက် အားကစားသမားများနှင့် နိုင်ငံတွင်း လာရောက် လည်ပတ်သူ များအတွက် အထူးအစီအစဉ် တစ်ရပ်ကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ဂေါက်သီးရိုက် အားကစားသမားများ အနေဖြင့် ရန်ကုန်မြို့တွင်း ဖော်ပြထားသော ဂေါက်ကွင်းတစ်ခုကို ရွေးချယ်ကာ ဂေါက်ကလပ်၏ ကြိုတင်မှာယူရေး စနစ်နှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဖော်ပြထားသော ကစားလိုသည့် အချိန်နှင့် ကစားသမား ဦးရေကို ထည့်သွင်းမှာယူကာ၊ Visa ကတ်တို့ဖြင့် ငွေပေးချေနိုင်မည် ဖြစ်သည်။
 
ရွေးချယ်မှာယူရန် စက္ကန့် ၃၀ ခန့်သာကြာမြင့်မည်ဖြစ်ပြီး Green Golf မိုဘိုင်းလ် App ကို ios ဖုန်းများအတွက် (App Store) မှ လည်းကောင်း၊ Android အတွက် (Play Store) မှလည်းကောင်း လွယ်ကူစွာ အခမဲ့ ဒေါင်းလုတ် ရယူနိုင်ကြောင်း သိရသည်။
 
Visa ကတ်ကိုင်ဆောင်သူများ အနေဖြင့် Green Golf App ကိုအသုံးပြု၍ သတ်မှတ်ထားသော ဂေါက်ကွင်းများတွင် ကွင်းကြိုတင်မှာယူမှုများ အတွက် green fee ၃၀ ရာခိုင်နှုန်းအထိ သက်သာနိုင်မည် ဖြစ်သည်။
 
ဤအထူးခံစားခွင့်များကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ ၇ နိုင်ငံရှိ ဂေါက်ကွင်းပေါင်း ၆၀ တွင်လည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
Visa အကြွေးဝယ်ကတ် ( Credit Card ) များကို လတ်တလောတွင် ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက် အမရာဘဏ်တို့တွင် လျှောက်ထား ရယူနိုင်ကြောင်းလည်း သိရသည်။
 
Green Golf သည် မြန်မာနိုင်ငံရှိ ဖော်ပြပါ ဂေါက်ကွင်းများတွင် green fee အထူးခံစားခွင့်များ ပေးအပ်ထားသည်။
 
ရန်ကုန်မြို့တော် ဂေါက်ကွင်း (City Golf Resort Yangon)
ဥက္ကလာဂေါက်ကွင်း (Okkala Golf Resort)
ပန်းလှိုင်ဂေါက်ကလပ် (Pun Hlaing Golf Club)
မင်္ဂလာဒုံဂေါက်ကလပ် (Royal Mingalardon Golf & Country Club)
ရန်ကုန်ဂေါက်ကလပ် (Yangon Golf Club)
 
Visa ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှု လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment