လဲနေသူအချင်းချင်း ပြစ်တင်ခြင်းမရှိဘဲ လဲနေသူအချင်းချင်း ဖေးမကူကာ နိုင်ငံထူထောင်ရေး ကြိုးပမ်းရန် ရုပ်ရှင်လောကသားများ ခံယူထားဟု ဦးဇင်ဝိုင်းပြော

လဲနေသူအချင်းချင်း ပြစ်တင်ခြင်းမရှိဘဲ လဲနေသူအချင်းချင်း ဖေးမကူကာ နိုင်ငံထူထောင်ရေး ကြိုးပမ်းရန် ရုပ်ရှင်လောကသားများ ခံယူ ထား ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြော သည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၂ ရက် (ယနေ့) က ရန်ကုန်မြို့ အိုလံပစ်ဟိုတယ်တွင် ကျင်းပသည့် "၂၀၁၇ ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျင်းပမည့် မေခဆောင် ဖောင်ဒေရှင်း၏ ဒုတိယအကြိမ်မြောက် ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီ ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားရာတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။
 
ဦးဇင်ဝိုင်းက "ကျွန်တော်တို့နိုင်ငံက ကျဆင်းနေတဲ့ နယ်ပယ်အသီးသီးမှာ လဲနေသူအချင်းချင်း တစ်ဦးနဲ့တစ်ဦး ပြစ်တင်ရှုပ်ချခြင်း မရှိဘဲ။ ကျွန်တော်တို့က လဲနေသူ အချင်းချင်း ဖေးမကူကျထူကျ ထကြပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်ထူထောင်မယ်လို့ ကျွန်တော်တို့ ရုပ်ရှင်လောက သားများက ခံယူထားပါတယ်။ ဒါကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောက သားများ ခံယူထားတဲ့ သဘောထား ဖြစ်ပါတယ်” ဟု ပြောသည်။
 
ယင်းအတွက် ၎င်းအနေဖြင့် လိုအပ်နေသည့် ကဏ္ဍများတွင် ရုပ်ရှင်အစည်းအရုံးမှ ကူညီရန်ရှိပြီး မေခဆောင် ဖောင်ဒေရှင်းမှ အကူအညီ တောင်းခံလာသည့်အတွက် တတ်နိုင်သည့်ဘက်မှ ကူညီပေးခြင်း ဖြစ်ကြောင်း ဆက်လက်ပြောသည်။
 
မြကျွန်းညိုညို တေးဂီတဖျော်ဖြေပွဲအား မြန်မာကွန်ဗင်းရှင်း စင်တာတွင် ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
စိုင်းဟန်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment