မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ်သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူ ထိုင်းလိဂ်-၁ ကလပ်သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
၎င်းပြောင်းရွှေ့ ကစားမည့် Police Tero အသင်းသည် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး ထိုင်းလိဂ်-၁ ကလပ်အသင်း ဖြစ်ကြောင်း သိရသည်။
 
Police Tero အသင်းအနေဖြင့် ဘန်ကောက်အခြေစိုက် ကလပ်အသင်း တစ်သင်းဖြစ်ပြီး ယမန်နှစ်က အဆင့် ၁၄ နေရာတွင် ရပ်တည်ခဲ့သည့် အသင်းလည်းဖြစ်ကြောင်း သိရသည်။
 
မြန်မာလက်ရွေးစင် စစ်တိုက်စစ်မှူး အောင်သူအနေဖြင့် တစ်လလစာ ထိုင်းဘတ် နှစ်သိန်းခွဲခန့် ရရှိမည်ဟုလည်း သတင်းများ ထွက်ပေါ်နေပြီး အသေးစိတ် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment