ခါကာဘိုရာဇီတောင်တက်ရန် တောင်တက်သမားများ လေ့ကျင့်မှုများ ပြုလုပ်

မြန်မာတောင်တက်သမား သုံးဦးသည် ၂ဝ၁၈ ခုနှစ်အတွင်း ခါကာဘိုရာဇီ တောင် သို့ တက်ရောက်မည်ဖြစ်၍ အဆိုပါ တောင်သို့ မတက်ရောက်မီ နီပေါနိုင်ငံရှိ အမြင့် ၆၈၁၂ မီတာရှိသော Ama Dablam တောင်တွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ Ama Dablam တောင်တက်ခရီးစဉ်၏ Camp -2 သို့ နိုဝင်ဘာ ၂ဝ ရက်က ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ၏ အမြင့်ဆုံး ရေခဲ တောင်ဖြစ်သော ခါကာဘိုရာဇီနှင့် အမြင့် ပေချင်း နီးစပ်တူညီမှုရှိသည့်အပြင် မတ်စောက်မှုအရလည်း အနီးစပ်ဆုံး တူညီသော အဆိုပါ Ama Dablam တောင်၏ BaseCamp သို့ မြန်မာ တောင်တက်အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် တွင် Camp-1သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
 
၎င်းတို့သည် နိုဝင်ဘာ ၂၁ ရက်တွင် Camp-2 မှတစ်ဆင့် တောင်ထိပ်သို့ တက်ရောက်မည်ဖြစ်ပြီး ယင်းနေ့တွင်ပင် တောင်ထိပ်မှ Camp-2 အထိ ပြန်လည် ဆင်းသက်မည်ဖြစ်သည်။ နိုဝင်ဘာ ၂၂ ရက်တွင် Camp-2 မှ Base Camp သို့ ပြန်လည်ဆင်းသက်မည် ဖြစ်ကြောင်း သိရသည်။
 
ခါကာဘိုရာဇီတောင်အား တက် ရောက်ကြမည့် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ တောင်တက် သမားသုံးဦး ဖြစ်သော ကိုပြည့်ဖြိုးအောင်၊ ကိုအောင်ခိုင်မြင့်နှင့် ကိုဇော်ဇင်ခိုင်တို့ သည် နီပေါနိုင်ငံရှိ အမြင့် ၆၈၁၂ မီတာ ရှိသော Ama Da-blam တောင်တက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ရန် အတွက် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ အောက်တိုဘာ ၂၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံ ခြေလျင်နှင့် တောင် တက်အဖွဲ့ချုပ်မှ တောင်တက်သမား ကိုပြည့်ဖြိုးအောင်၊ ကိုအောင်ခိုင်မြင့်နှင့် ကိုဇော်ဇင်ခိုင်တို့ သုံးဦးသည် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ပထမပတ်အတွင်း ခါကာ ဘိုရာဇီတောင်ကို တက်ရောက်ကြမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment