KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးကို တိုက်မိပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး သေဆုံး တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်နေ ဦးဘီမာ ထူးအောင်သည် နိုဝင်ဘာ ၂၀ ရက် ည ၆ နာရီခွဲခန့်တွင် တိုက်ချောင်းေ တောင်ပေါ်၌ ပွဲညက်ကောက်ပြီး ပြန်လာစဉ် ထိုပူးကျေးရွာ၏ အနောက် တောင်ဘက် ၃ မိုင်ခန့် အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို တိုက်မိ ပေါက်ကွဲပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ မိုင်းထိလူနာအား မိုးကောင်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
 
အလားတူ နိုဝင်ဘာ ၂၀ ရက် ည ၆ နာရီခွဲခန့်တွင် တနိုင်းပြည်သူ့ဆေးရုံကြီး၌ မိုင်းထိဒဏ်ရာဖြင့်သေဆုံးသည့် အလောင်းတစ်လောင်း ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးနောင်နမုန်ဒွဲ(ဘ) ဦးနောင်နထမ်ဒူ၊ ကင်ဆာရှာရပ်ကွက်နေသူ ဖြစ်ကြောင်းသိရှိရပြီး ၎င်းသည် တစ်ရပ်ကွက်တည်းနေ ဦးခွန်နော်အောင်၊ ဦးလဂျာတို့နှင့်အတူ ၀ါးခုတ်ရန် လယ်တောသို့ သွားရောက်စဉ် လမုန်ကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခန့် အကွာသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်း သူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို တိုက်မိပေါက်ကွဲ၍ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး တနိုင်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment