အာရှ-ဥရောပ ဖောင်ဒေးရှင်း ပညာရေး အစီအစဉ်များတွင် မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျှောက်ထားနိုင်

အာရှ-ဥရောပဖောင်ဒေးရှင်း(ASEF) ၏ ပညာရေးအစီအစဉ်များတွင် မြန်မာ နိုင်ငံမှ လူငယ်များ ပါဝင်လျှောက်ထား နိုင်ကြောင်း အာရှ-ဥရောပ ဖောင်ဒေးရှင်း ပညာရေးဌာနမှသိရပြီး အဆိုပါအစီ အစဉ်များအတွက် မြန်မာနိုင်ငံမှ ကိုယ်စားပြုတစ်ဦးစီ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
''မြန်မာနိုင်ငံက လူငယ်တွေအနေ နဲ့ အာရှ-ဥရောပဖောင်ဒေးရှင်း ပညာရေး အစီအစဉ်တွေမှာ ပါဝင်လျှောက်ထားလို့ ရပါတယ်၊ မိတ်ဖက်နိုင်ငံ ၅၁ နိုင်ငံ ကနေ ကိုယ်စားပြုတစ်ဦးစီ ရွေးချယ် လျက်ရှိပါတယ်၊ နေထိုင်သွားလာ စားသောက်ရေးအတွက် စီစဉ်ပေးမှာ ဖြစ်ပါ တယ်၊ မြန်မာနိုင်ငံကနေလည်း ကိုယ်စား ပြုတစ်ဦးကို ရွေးချယ်သွားမှာဖြစ်တဲ့ အတွက် လျှောက်ထားနိုင်ပါတယ်၊ ဖောင်ဒေးရှင်းရဲ့ Facebook Page ဖြစ်တဲ့ ASEFEdu မှာ လျှောက်ထား နိုင်တဲ့ အစီအစဉ်တွေကို ဖော်ပြပေးလျက် ရှိပါတယ်။ အာရှ-ဥရောပ ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လူငယ်အစီအစဉ်တစ်ခု အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး မတိုင်ခင်မှာ 8th Model ASEM အစည်းအဝေးကို ပြုလုပ်ခဲ့ ပါတယ်၊ ဒီအစည်းအဝေးကို အခြေခံပြီး အေဆမ်မိတ်ဖက နိုင်ငံတွေရဲ့ ကိုယ်စား ပြု လူငယ်ကျောင်းသားတွေ အေဆမ် လုပ်ငန်းစဉ်မှာ တစ်နည်းအားဖြင့် ပါဝင် စေခြင်းလည်း ဖြစ်ပါတယ်''ဟု အာရှ-ဥရောပဖောင်ဒေးရှင်း ပညာရေးဌာနမှ Ms.Nathalie Sajda က ပြောကြား သည်။
 
အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်း အဝေးတစ်ခုအဖြစ် အေဆမ်အဖွဲ့ဝင် ၅၁ နိုင်ငံမှ ကိုယ်စားပြု လူငယ် ၁၅ဝ ကျော် ပါဝင်သည့် 8th Model ASEM ကို ပြီးခဲ့သည့်အပတ်အတွင်း ကျင်းပခဲ့ပြီး အဆိုပါ လူငယ်များ၏ သဘောထား အမြင်များကို ကိုယ်စားပြုလူငယ်နှစ်ဦးက အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း တင်ပြဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment