နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၊ ဆက်စပ် အစည်းအဝေးများနှင့် စင်ကာပူနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတို့သို့ တက် ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာကြသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး Mr. Edurado E. Kapunanနှင့်ဇနီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် သံရုံး ၀န်ထမ်းများက မနီလာအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်သို့ နေ့ ၁၁ နာရီ ၃၅ မိနစ်တွင် ပြန်လည်ရောက် ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် ဖိလစ်ပိုင်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
 
Credit – Myanmar State Counsellor Office
The Ladies News
 

 

Vote: 
No votes yet

Add new comment