UWSA “ ၀ ” အဖွဲ့က အရွယ်မရောက်သေးသည့် ကလေးငယ်များအား အဓမ္မလူသစ် စုဆောင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ်(ခွဲ) အတွင်း UWSA “ ၀ ” အဖွဲ့မှ အရွယ်မရောက် သေးသည့် ကလေးငယ် များအား အဓမ္မလူသစ် စုဆောင်းမှုများကြောင့် မိုင်းယန်းမြို့နယ်၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ နမ့်ဆော်(အာခါ) ကျေးရွာနှင့် တုံဖကော်ကျေးရွာတို့မှ လားဟူ တိုင်းရင်းသားများသည် နိုဝင်ဘာ ၁၁ ရက်တွင် နမ့်မော်ခမ်း ကျေးရွာနှင့် လေးအိမ်စုကျေးရွာများသို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
အဆိုပါ တိမ်းရှောင် ထွက်ပြေးလာသည့် လားဟူ တိုင်းရင်းသားများ၏ ပြောပြချက်များအရ UWSA “ ၀ ” အဖွဲ့က ကျေးရွာ များမှ အိမ်ထောင်စု တစ်စုလျှင် အမျိုးသား ၃ ဦးရှိပါက ၂ ဦးကို ၎င်းတို့အဖွဲ့သို့ မဖြစ်မနေ ၀င်ရောက် တာဝန်ထမ်း ဆောင်ရန်နှင့် အမျိုးသမီးများအား တရုတ်စာ သင်ပေးမည်ဟု အကြောင်းပြ၍ လိမ်လည် ခေါ်ဆောင်ခြင်းများ ဆောင် ရွက် လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ တိမ်းရှောင် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ တိမ်းရှောင် ထွက်ပြေးလာသည့် မိသားစုဝင်များအား နိုဝင်ဘာ ၁၃ ရက်တွင် နယ်မြေခံ တပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment