ဘူးသီးတောင်မြို့နယ် ကျေးရွာများအား လာမည့် ဘဏ္ဍာနှစ်တွင် ဆိုလာမီး များ တပ်ဆင်ပေးသွားရန် စီစဉ်နေဟု ဆို

လျှပ်စစ်မီးမရရှိသေးသည့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ အား လာမည့် ဘဏ္ဍာနှစ်တွင် ဆိုလာမီးများ တပ်ဆင်ပေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိ ကြောင်း ဘူးသီး တောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
 
''လာမယ့်နှစ်မှာ ပြည်နယ် ဘတ်ဂျက်ကနေ လျှပ်စစ်မီးမရရှိသေးတဲ့ နောက်ထပ် ရွာနှစ်ဆယ်ကို ဆိုလာမီး ထပ်ပြီး တပ်ဆင်ပေးသွားဖို့ တင်ပြထားပါတယ်။ ယူနစ်ကတော့ ၁၀၁၂ ခုဖြစ်ပါတယ်။ လျပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတွေမှာ ဆိုလာမီးတပ်ဆင် ပေးတဲ့နေရာမှာ ပထမ တန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား ဆိုပြီး သုံးမျိုးရှိပါ တယ်။ ရွာသားတွေဘက်က ကျခံပေးရတာက ကျသင့်ငွေရဲ့ ဆယ်ရာခိုင်နှုန်းပဲ ကျခံပေးရတာပါ။ လမ်းမီးတိုင်ကတော့ ရွာတစ်ရွာကို ငါးတိုင်အခမဲ့ တပ်ဆင်ပေးတယ်။ ကျေးရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ အလယ် တန်းကျောင်း၊ အထက်တန်းကျောင်း တွေကိုလည်း ဌာနက အခမဲ့ တပ်ဆင်ပေးပါတယ်''ဟု ဘူးသီးတောင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းနိုင်က ပြောသည်။
 
ဆိုလာမီး တပ်ဆင်ထားသည့် ဘူးသီးတောင်မြို့နယ် အင်ကျင်းမြိုင် စံပြကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက ''အရင်တုန်းကတော့ လျှပ်စစ်မီးမရှိတော့ ကျောင်းသား/ ကျောင်းသူတွေ ဖယောင်းတိုင်နဲ့ စာကျက်ရပါတယ်။ ဆိုလာမီးတွေ တပ်ထားပေးတော့ မီးက ၂၄ နာရီ ရနေပြီ။ ကျောင်းသားလေး တွေလည်း စာကျက်ရတာ အဆင်ပြေသွားပြီ။ လမ်းမီးတိုင်ကတော့ ၅ တိုင် လုပ်ပေးထားပါတယ်'' ဟု ပြောသည်။
 
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လျပ်စစ်မီး မရရှိသေး သည့် ဘူးသီး တောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၄၁) ရွာကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ဆိုလာမီးယူနစ် (၁၇၆၈) ယူနစ်ကို တပ်ဆင်ပေးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment