မေရီချက်(ပ်)မင်းကျောင်း သို့ ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ စားသောက် ကုန်များ တရုတ်သံရုံး လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မေရီချက်(ပ်) မင်း နားမကြားသော ကလေးများ ကျောင်းသို့ ကျပ် သိန်း ၆၀၀ တန်ဖိုး ရှိ စားသောက်ကုန်များ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အခမ်းအနား တစ်ရပ်ဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
 
“ဒီကျောင်းဟာ နှစ် ၁၀၀ ကျော် သက်တမ်းရှိလာတဲ့ ကျောင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်တွင်း ပြည်ပ စေတနာရှင် ပြည်သူတွေက ထောက်ပံ့ ကူညီပေးနေတယ်လို့ သိရပါတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးအနေနဲ့ စီးတီးမတ်နဲ့ ပူးပေါင်းကာ ဒီကျောင်းက ကလေးတွေ အတွက်လိုအပ်နေတဲ့ စားသောက်ကုန် တွေနဲ့ လူအသုံး အဆောင် ပစ္စည်းတွေကို အသုတ်ခွဲပြီး လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်၊ တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က အခမ်းအနားတွင် ပြောသည်။
 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ မေရီချက်(ပ်) မင်းကျောင်း အုပ်ကြီးနှင့် စီးတီးမတ် ကိုယ်စားလှယ်တစ်ဦးတို့က လှူဒါန်းမှုနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ကြသည်။ ယင်းနောက် လှူဒါန်းပစ္စည်း ပေးအပ်ခြင်း၊ ကလေးများ ဖျော်ဖြေတင် ဆက်ခြင်းနှင့် အမှတ်တရ ဓာတ်ပုံရိုက် ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
 
အဆိုပါ ကျောင်းကို ၁၉၂၀ ပြည့် နှစ်တွင် ယူကေနိုင်ငံမှ မစ္စ မေရီချက်(ပ်) မင်းက နားမကြားသော ကလေးများ ပြုစုပျိုးထောင်ပြီး ပညာသင်ကြားပေးရန် အတွက် ဆရာဖြစ် သင်တန်းနှင့် စာသင် ကျောင်းကို စတင် တည်ထောင်ခဲ့ ကြောင်း၊ နှစ်စဉ် မေလနောက်ဆုံးပတ်တွင် အသက်ခြောက်နှစ်မှ စတင်၍ကျောင်းသားသစ် လက်ခံကြောင်း၊ ပညာရေး ဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းအတိုင်း ခုနစ်တန်းအထိ ပညာသင်ကြား ပေးလျက်ရှိကြောင်း၊ ထို့အပြင် အသက်မွေးမှု သင်တန်းများလည်း သင်ကြားပေးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment