နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အာဆီယံ-ကနေဒါ ထိပ်သီး အစည်းအဝေးနှင့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အာဆီယံ-အီးယူ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ နိုဝင်ဘာလ ၁၄ ရက်၊ ဒေသစံတော်ချိန် (၁၀၁၅) နာရီတွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ+ကနေဒါ ထိပ်သီး အစည်းအဝေးသို့ လည်းကောင်း၊ (၁၁၃၀)နာရီတွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ-အီးယူ ထိပ်သီး အစည်းအဝေးသို့ လည်းကောင်း တက်ရောက်ခဲ့သည်။
 
အဆိုပါ ထိပ်သီးအစည်းအဝေး ပွဲများသို့ အာဆီယံ (၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Justin Trudeau နှင့် ကိုယ်စားလှယ်အဖွဲ့၊ အီးယူအဖွဲ့ ဥက္ကဋ္ဌ Mr. Donald Tusk နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာ အမြဲတမ်း ကိုယ်စား လှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။
 
Credit – Information Committee
The Ladies News
 

 

Vote: 
Average: 4 (1 vote)

Add new comment