နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ ရာထူးလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၄ ရက်၊ ဒေသစံတော်ချိန် (၁၉၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ရှိ Plenary Hall ၌ ကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ပိတ်ပွဲ အခမ်းအနားနှင့် စင်ကာပူနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ ရာထူးလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
စင်ကာပူနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ ရာထူးလွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားတွင် ၂၀၁၇ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရိုဒရီဂို ဒူတာတေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ၂၀၁၈ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်မည့် စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းထံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်နှင့် အဆောင်အယောင် တူငယ်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
အဆိုပါ ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လွဲပြောင်း ပေးအပ်ပွဲတို့သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးမှ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
Credit – Information Committee
The Ladies News
 

 

Vote: 
No votes yet

Add new comment