စမ်းချောင်းတွင် အမျိုးသမီးတစ်ဦးအား ရိုက်နှက်ကာ ဖုန်းလုယူမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက အမျိုးသမီးတစ်ဦးအား ရိုက်နှက်ကာ ဖုန်းလုယူထွက်ပြေးမှုတစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ စမ်းချောင်းမြို့နယ်နေသူ မ --- သည် အဆောင်သို့ ဖုန်းပြောဆို လမ်းလျှောက်ပြန်လာစဉ် အမျိုးသားတစ်ဦး (လူမြင်မှတ်မိ)က နောက်မှ လိုက်လာကာ အရာဝတ္ထု တစ်ခုဖြင့် နောက်ဘက်မှနေ၍ ရိုက်နှက်ပြီး ၎င်းကိုင်ဆောင်ထားသော Samsung J 2 Prime အမျိုးအစား လက်ကိုင် ဖုန်းအား လုယူထွက်ပြေး သွားသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူ အညီ တောင်းခံခဲ့ကြောင်း၊ ၎င်းတွင် ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူ ခဲ့ရကြောင်း သိရသည်။
 
အဆိုပါ ဖြစ်စဉ်ကို စမ်းချောင်းမြို့မရဲစခန်းက အမှုဖွင့်ကာ ပြစ်မှု ကျူးလွန် သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။ အမှုမှပြစ်မှု ကျူးလွန် သူအား ဖမ်းဆီးနိုင်ရေးအတွက် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်စဉ်အား အသေးစိတ် စစ်ဆေးဆောင် ရွက်ခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁၁ ရက် ညနေ ၆ နာရီခန့်က ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ ဝင်များက ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက်လမ်းပေါ်၌ စက်ဘီး တစ်စီးနှင့်အတူ တွေ့ရှိသူ လှိုင်မြို့နယ်နေ မျိုးကြီး(ခ) ကြာဝိုင်း အား တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ခိုးယူလာသော စက်ဘီးဖြစ်ကြောင်း သိရှိရသဖြင့် ကမာရွတ်မြို့ မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်ခဲ့သည်။
 
အမှုဖြင့် ဖမ်းဆီးထားသူ မျိုးကြီး (ခ) ကြာဝိုင်းအား အခြားခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ စမ်းချောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော အဆိုပါ လုယက်မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment