နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန်ဝန်ကြီးချုပ်တို့အား သီးခြားတွေ့ဆုံ

၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနီလာမြို့ Philippines International Convention Centre (PICC) ၌ ၁၃-၁၁-၂၀၁၇ ရက်နေ့ ညပိုင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres အားလည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက်နေ့ ဒေသစံ တော်ချိန် (၀၈၃၀)နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Rex W. Tillerson အားလည်းကောင်း၊ ဒေသစံတော်ချိန်(၁၇၁၅)နာရီတွင် ဂျပန် ဝန်ကြီးချုပ် H.E. Mr. Shinzō Abe အားလည်းကောင်း တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည် နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ပါဝင် အကူအညီပေးနိုင်မှု အခြေအနေတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီ အသွင် ကူပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရခိုင်ပြည်နယ်၌ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်း ဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ၀င်ငွေတိုး တက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီ ပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက် ချက်များကို ထောက်ခံ အကူအညီပေးသွားမည့် ကိစ္စ၊ ကားလမ်း ဖောက် လုပ်ရန်နှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအား သင်တန်းပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
 
အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
 
Credit – Information committee
The Ladies News

 

Vote: 
No votes yet

Add new comment