နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင် ဘာလ ၁၄ ရက်၊ ဒေသစံတော်ချိန် (၁၈၁၅) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ကာကွယ် ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ အခမ်းအနားသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးများ၊ အာဆီယံအထွေထွေ အတွင်းရေး မှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
Credit – information Committee
The Ladies News
 

 

Vote: 
No votes yet

Add new comment