ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ U-21 Youth Newspaper Cup တွင် မြန်မာ ယူ-၂၁ အသင်း သွားရောက်ယှဉ်ပြိုင်မည်

ဗိယက်နမ်နိုင်ငံတွင် ပြုလုပ်မည့် ဖိတ်ခေါ်ပြိုင်ပွဲ U-21 Youth Newspaper Cup တွင် မြန်မာ ယူ - ၂၁ အသင်း သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း MFF ထံက သိရသည်။
 
အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲ U-21 Youth Newspaper Cup ကို ဗီယက်နမ် နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဒီဇင်ဘာ ၁၃ ရက်မှ ၂၃ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်မည့် မြန်မာ ယူ - ၂၁ အသင်းတွင် လက်ရွေးစင်များဖြစ်သည့် ဘုန်းသစ္စာမင်း (ဂိုး) ၊ ရဲရင့်အောင်၊ စစ်မင်း၊ ရွှေကို၊ မြတ်ကောင်းခန့်၊ ဇင်ဖြိုးအောင် နှင့် ခြေစွမ်းထက် ကစားသမား များဖြစ်သည့် မျက်နှာသစ်လူငယ် အများစု ပါဝင်သည့် ပဏာမ ကစား သမား ၃၇ ဦး ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
 
မြန်မာယူ-၂၁ ပဏာမ ကစားသမား စာရင်းတွင် အုပ်ချုပ်သူ - ဦးသန်းတိုးအောင်၊ အတွင်းရေးမှူး - ဦးထွန်းထွန်းအောင်၊ နည်းပြချုပ် - ဦးကြည်လွင်၊ လက်ထောက်နည်းပြ - ဦးကျော်လွင်၊ ဦးချစ်နိုင်၊ ဂိုးနည်းပြ - ဦးမျိုး ကျော်သူ၊ ဆရာဝန်- ဦးကျော်သန့်ဇင်၊ အကြောကျွမ်းကျင်- ဦးပြည့်ဖြိုးအောင်၊ သတင်းပြန်ကြားရေး- ဦးအောင်ဟိန်းမင်း၊ Kit မန်နေဂျာ - ဦးအောင်အောင်ထွန်း၊ ဂိုး - ဘုန်းသစ္စာမင်း (ရှမ်း)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇာခြည်မောင် (ဧရာဝတီ)၊ နောက်တန်း - စိုးမိုးထွန်း၊ ကျော်သူထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ ကျော်မျိုးနိုင်၊ သန်းထိုက်ဇင် (ISPE) ၊ သဲမောင်(ဧရာဝတီ)၊ အောင်ဖြိုးသော်၊ မင်းရဲထွဋ်၊ မြတ်မင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ သူရိန်စိုး (ရန်ကုန်)၊ သက်ပိုင်ထွေး (MFF Youth) ၊ အလယ်တန်း - ဇွဲသက်ပိုင်၊ မြတ်ထွန်းသစ်၊ စိုးလွင်လွင်၊ ဝေယံ၊ ရဲမင်းသူ၊ စစ်မင်း၊ ရွှေကို၊ နိုင်မင်းသူ (ရှမ်း)၊ သန်းမြင့်ထွန်း၊ နေမိုးနိုင် (ဧရာဝတီ)၊ တလိုင်းဖွေး အောင်(ရတနာပုံ)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊အောင်မိုးသူ၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင် (MFF Youth) ၊ ရှေ့တန်း -စိုင်းဇော် ဇော်ခိုင် (ဧရာဝတီ)၊ တည်ငြိမ်မင်း(ရခိုင်) ၊ ဇင်မင်းထွန်း(မကွေး)၊ ချမ်းငြိမ်း(ဆောက်သမ်း)၊ သန်းဒွတ် (ရှမ်း)၊ အိုင်စိုး (ရန်ကုန်) နှင့် သက်အောင်(ဟံသာဝတီ)တို့ ပါဝင်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment