နယူးယောက်မြို့တွင် လမ်းသွားလမ်းလာများကို ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှုကြောင့်လူ ၈ ဦးသေဆုံး

နယူးယောက်မြို့၊ မဟန်တန်အရပ် အောက်ပိုင်းရှိ စက်ဘီးစီးနင်းနိုင်သော လမ်းကြောင်းရှိရာ တစ်ခုအနီးတွင် အမျိုးသား တစ်ဦးက ထရပ်ကား တစ်စင်းကို မောင်းနှင်ပြီး လမ်းသွာလမ်းလာများ၊ စက်ဘီးစီးနင်း နေသူ များနှင့် ကျောင်းကား တစ်စင်းကို အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် ဝင်တိုက် ခဲ့ပြီးနောက် လူ ၈ ဦးသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
နယူးယောက်မြို့တော်ဝန် ဘေလ်ဒီ ဘလာစီယိုက ယင်းဖြစ်ရပ်ကို သူရဲဘောကြောင်သော အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် တုန့်ပြန် ဆောင်ရွက်နေကြောင်းနှင့် ယင်းဧရိယာတွင် တာဝန်ကျနေသော ရဲအရာရှိတစ်ဦးက တိုက်ခိုက်သူ၏ ဝမ်းဗိုက်ကို ပစ်ခတ်ပြီး ၄င်းကို ရပ်တန့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
 
ကျောင်းကားကို ဝင်တိုက်ခဲ့ရာမှ အရွယ်ရောက် ကျောင်းသားနှစ်ဦးနှင့် ကလေး နှစ်ဦးတို့ကို ဒဏ်ရာရရှိစေခဲ့ ပြီးနောက် အသက် ၂၉ နှစ်အရွယ် သံသယရှိသူသည် သေနတ်များ ကိုင်ဆောင်ကာ ထရပ်ကားထဲမှ ထွက်လာချိန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောသည်။
 
သံသယရှိသူကို ထိန်းသိမ်းထားပြီး သုတ်ဆေးကျည်တောင့်သုံး သေနတ် တစ်လက်နှင့် ကျည်စေ့ သေနတ် တစ်လက်ကို အခင်းဖြစ်ပွားရာ နေရာ တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ ထရပ်ကားသည် စက်ဘီးစီးနင်းရာ လမ်းကြောင်းနှင့် လမ်းသွား လမ်းလာ လူအုပ်ကြီးကို ဝင်တိုက်ခဲ့ပြီးနောက် တောင်ဘက်သို့ ဆက်လက် မောင်းနှင်သွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အမျိုး သား ခြောက်ဦးမှာ စက်ဘီးစီးနင်းရာ လမ်းပေါ်ရှိ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ဘယ်လ်ဂျီယမ်နိုင်ငံသား တစ်ဦးနှင့် အာဂျင်တီးနား နိုင်ငံသား ငါးဦးတို့ ပါဝင်သည်ဟုဆိုသည်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကလည်း ယင်းအကြမ်းဖက် လုပ်ရပ်ကို လုပ်ဆောင်သူသည် အလွန်စိတ်ဖောက် ပြန်နေသူ တစ်ဦးဖြစ်ကြောင်း ရှုတ်ချပြောဆိုခဲ့သည်။ အေပီသတင်းဌာန၏ အဆိုအရ တိုက်ခိုက်မှုတွင် သံသယရှိသူမှာ ဥဇဘက်ကစ္စတန် နိုင်ငံသား ဆေးဖူလို ဆိုင်ပေါ့ဗ် ဖြစ်ပြီး အမေရိကန်နိုငံသို့ ၂၀၁၀ ခုနှစ်တွင် ဝင်ရောက်လာခဲ့ကြောင်း၊ ဖလော်ရီဒါပြည်နယ် လိုင်စင်ရှိသော်လည်း နယူးဂျာစီပြည်နယ်တွင်လည်း နေထိုင်နိုင်ကြောင်း သိရသည်။
 
The Guardian
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News
 

 

Vote: 
Average: 4 (1 vote)

Add new comment