စာသင်ခန်းအတွင်း ဓားစာခံအဖြစ် ဖမ်းခံထားရသော ဆရာမတစ်ဦးကို SWAT တပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ပြီးခဲ့သည့် အင်္ဂါနေ့ညနေပိုင်းတွင် ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ရှိ မူလတန်းကျောင်းတစ်ခု စာသင်ခန်းအတွင်း ကျောင်းသားတစ်ဦး၏ ဖခင်တစ်ဦးက ဓားစာခံအဖြစ် ဖမ်းဆီးထားသော ကျောင်းဆရာမ တစ်ဦး ကို SWAT အဖွဲ့က ကယ်ဆယ်ခဲ့ရပြီး ယင်းဆရာမကို ဖမ်းဆီးထားသူ အမျိုးသားအား ပစ်ခတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 
ကယ်လီဖိုးနီးယား ပြည်နယ်၊ ရေဗားဆိုက်မြို့မှ ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားမှာ Castle View မူလတန်းကျောင်း၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ၄င်းကို ရပ်တန့်ခိုင်းရန် ကြိုးပမ်းသော အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး Castle View မူလတန်းကျောင်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
 
ယင်းနောက် ကျောင်းထဲသို့ ရောက်ရှိခဲ့ပြီး စာသင်ခန်းတစ်ခု အတွင်း ရှိနေသော ဆရာမ လင်ဒါ မွန့်ဂိုမယ်ရီ ကို ဓားစာခံအဖြစ်ထားကာ အကာအကွယ် ယူခဲ့ကြောင်း ညနေခင်း သတင်းကွန်းဖရန့် တစ်ခုအတွင်း ရေးဗားဆိုက်ရဲဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် အရာရှိ ရိုင်ယန်ရေးစ်ဘက်ခ်က ပြောကြားခဲ့သည်။
 
ကျောင်းမှ ဝန်ထမ်းတစ်ဦးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ကျောင်းမှ ကျောင်းသားနှင့် အခြား ဆရာ၊ဆရာမများကို နေရာရွှေ့ပြောင်းပေး ခဲ့ကြောင်း သိရသည်။ SWAT အဖွဲ့ဝင်များကလည်း ယင်းနေရာ ရွှေ့ပြောင်းမှုကို ကူညီရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ကြသည်။
 
အမျိုးအမည် ဖော်ပြထားခြင်းမရှိသည့် ယင်းအမျိုးသားသည် စာသင်ခန်း ထဲမှထွက်လာရန် တာဝန်ရှိသူများ ထံမှ ထပ်ခါထပ်ခါ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ SWAT တပ်ဖွဲ့ဝင်များကလည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ယာဉ်ထဲတွင် အရက်၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းဗျူရိုမှ အေးဂျင့်များနှင့်အတူ စာသင်ခန်းပြင်ပ အခင်းဖြစ်ပွားရာ နေရာတွင် နေရာယူခဲ့ကြသည်ဟု ဆိုသည်။
 
ယင်းအမျိုးသားနှင့် နာရီပေါင်းများစွာကြာ ဆက်သွယ်ခဲ့သော်လည်း ဓားစာခံ ဆရာမဖြစ်သူထံမှ တစ်စုံတစ်ရာ ကြားသိရခြင်း မရှိသည့်အတွက် တာဝန်ရှိသူများက အခန်းအတွင်းသို့ အင်အားသုံး ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြရသည်။ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်မှုနှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် ဓားစာခံဆရာမကို အခန်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
 
တာဝန်ရှိသူတစ်ဦးက သံသယတရားခံကို ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။ ဓားစာခံ ဖြစ်ခဲ့ရသည့် ဆရာမ မွန့်ဂိုမယ်ရီကိုလည်း ဒေသဆေးရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။
 
The Washington Post
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News

 

Vote: 
No votes yet

Add new comment