Miss World 2017 အလှမယ်ပြိုင်ပွဲတွင် Talent အဖြစ် မြန်မာ့တူရိယာ ပလွေအသုံးပြုမည့် အလှမယ် အိကျော့ခိုင်

နိုဝင်ဘာလ ၁၈ ရက်တွင် တရုတ်နိုင်ငံ Sanya မြို့တွင် ပြုလုပ်မည့် ၆၇ ကြိမ်မြောက် Miss World 2017 အလှမယ်ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အိကျော့ခိုင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် Talent အဖြစ် မြန်မာ့တူရိယာ ပလွေကို အသုံးပြု တီးမှုတ်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 
Miss World 2017 ပြိုင်ပွဲတွင် ခေါင်းစဉ်ငါးခုရှိပြီး Dance of the world ပြိုင်ပွဲအတွက် မြန်မာ့ရိုးရာအကဖြစ်သည့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ အားကစားလှုပ်ရှားမှုများနှင့် Talent ပြိုင်ပွဲတွင် ပန်တျာကျောင်းမှ ဆရာဦးကျော်သိန်းထံတွင် မြန်မာ့တူရိယာ ပလွေတီးမှုတ်မှုပညာများ ကို သင်ယူနေပြီး အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အလှမယ် အိကျော့ခိုင်က သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
 
မြန်မာရိုးရာအက၊ မြန်မာ့တူရိယာ ပလွေနှင့် နိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖော်ထုတ် ပြသသွားမည်ဖြစ်ပြီး၊ ပရဟိတ project အဖြစ် ပညာရေးပိုင်းနှင့် ပတ်သက်သည့် ပရိုဂရမ်တစ်ခုအဖြစ် ပညာရေး ဖွံ့ဖြိုးမှုအပိုင်း၊ နိုင်ငံ့ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံ့အကြောင်း တွေကို ပြင်ဆင်ထားသည်ဟုလည်း အလှမယ် အိကျော့ခိုင်က ဆိုသည်။
 
အဆိုပါ ၆၇ ကြိမ်မြောက် Miss World 2017 အလှမယ်ပြိုင်ပွဲကြီးသို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
 
Photo - Miss Myanmar World
The Ladies News
 

 

Vote: 
No votes yet

Add new comment