မြောက်ကိုရီးယားအနေဖြင့် နျူးကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှု စွန့်လွှတ်ခြင်းမပြုက ချေမှုန်းမည်ဟု အမေရိကန်သမ္မတ သတိပေးပြောကြား

မြောက်ကိုရီးယားအနေဖြင့် နျူးကလီးယား လက်နက်များ ထုတ်လုပ်ရေး ကြိုးပမ်းမှုကို အပြီးတိုင် မစွန့်လွှတ်ပါက ချေမှုန်းမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
 
စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားသို့ ယင်းသို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
 
`မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေအပေါ် စွန့်လွှတ်ခြင်း မပြုဘူးဆိုရင် ချေမှုန်ပစ်မယ်၊ ရွေးချယ်စရာ မရှိတဲ့အခါမှာတော့ အပြီးတိုင် ချေမှုန်းသွားမယ်၊ မြောက် ကိုရီးယား ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်မှု ဖြစ်စေပါတယ်´ ဟု ထရန့်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
 
ယင်းအပြင် အီရန်နိုင်ငံ၏ နျူးကလီးယားအရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်းပြောကြားခဲ့ခြင်းများ ရှိခဲ့ပြီး အကြမ်းဖက် ၀ါဒနှင့် ပတ်သက်၍လည်း အကြမ်းဖက်အဖွဲ့များ၏ ငွေကြေးဆိုင်ရာ အထောက်အပံ့ပေးနေသည့် နိုင်ငံများကိုလည်း ဖော်ထုတ် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များ ရင်ဆိုင်ဖြေရှင်း ရာတွင် ပူးပေါင်းဆောင်ရွက် သွားရမည် ဖြစ်ကြောင်းလည်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
 
Ref: CNN
The Ladies News
 

 

Vote: 
No votes yet

Add new comment