ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး အတွင်း သတင်းစာနှင့် ဂျာနယ်များမဖတ်ရန် သတိပေး

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်အတွင်း ၀န်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ သတင်းစာနှင့် ဂျာနယ်များ မဖတ်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက စက်တင်ဘာ ၁၃ ရက် လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားခဲ့သည်။
 
“လွှတ်တော် ကိုယ်စားလှယ်နှင့် ဝန်ကြီးများ မိမိတို့ဂျာနယ်တွေ အကုန်လုံး သိမ်းလိုက်ပါ”ဟု ဦးတင်မောင်ထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း ၏ မေးခွန်းအား ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ပြန်လည်ဖြေကြားပြီး နောက်တွင် လွှတ်တော်ဥက္ကဋ္ဌက သတိပေးစကား ပြောကြားခဲ့ ခြင်း ဖြစ်သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
Average: 3 (1 vote)

Add new comment