ဟောင်ကောင်အကြီးအကဲ Carrie Lam မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၄ ရက်တွင် လာမည်

ဟောင်ကောင်မြို့ အကြီးအကဲ မစ္စ Carrie Lam Cheng Yuetngor အနေဖြင့် မြန်မာနိုင်ငံသို့ မနက်ဖြန်(စက်တင်ဘာ ၁၄ ရက်) တွင် လာရောက် မည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် The Standard သတင်းဖော်ပြချက်အရ သည်။
 
သူမအနေဖြင့် ရန်ကုန်မြို့တွင် စနေနေ့၌ ကျင်းပမည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ တရုတ်အမျိုးသား စီးပွားရေး လုပ်ငန်းရှင်များ ကွန်ဗန်းရှင်း (14th World Chinese Entrepreneurs Convention-WCEC) တက်ရောက် မည်ဖြစ်ပြီး အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သိရသည်။
 
ဟောင်ကောင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် Carrie Lam အနေဖြင့် သောကြာနေ့တွင် နေပြည်တော်ရှိ အစိုးရ ထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
 
အဆိုပါ WCEC အား ၁၉၉၁ ခုနှစ်မှ စတင်ကာ ၂ နှစ်တစ်ကြိမ် မတူညီသည့် မြို့တော်များတွင် ကျင်းပခြင်းများ ရှိခဲ့သည်။ ၁၉၉၁ တွင် စင်ကာပူနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ၁၉၉၃ တွင် ဟောင်ကောင်၊ ၁၉၉၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၉၇ တွင် ဗန်ကူဗား ကနေဒါ၊ ၁၉၉၉ တွင် သြစတြေးနိုင်ငံ မယ်လ်ဘုန်း၊ ၂၀၀၁ တွင် တရုတ်နိုင်ငံ နန်ကျင်း၊ ၂၀၀၃ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလလမ်ပူ၊ ၂၀၀၅ တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ၂၀၀၇ တွင် ဂျပန်နိုင်ငံ ကိုဘေးနှင့် အိုဆာကာ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာ၊ ၂၀၁၁ တွင် စင်ကာပူ၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ ချင်ဒူးနှင့် ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့ခြင်းများ ရှိကြောင်း သိရသည်။
 
အဆိုပါ ကွန်ဗန်းရှင်း ကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှ တရုတ်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ အတွင်း လာရောက် ရင်းနှီးမြုပ်နှံရန် စွဲဆောင်နိုင်မည်ဖြစ်ပြီး ထိုသို့ ရင်းနှီးမြုပ်နှံခြင်းမှ တိုင်းပြည့်၏ စီးပွားရေး တိုးတက်စေရေးအတွက် အကူအညီများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
 
Ref:The Standard(Carrie Lam to visit Myanmar)
စိုင်းဟန်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment