နယ်မြေတည်ငြိမ် အေးချမ်းလာသဖြင့် နေရပ်စွန့်ခွာ ပြည်သူများ ယင်းတို့၏နေရပ်များသို့ ပြန်လည်ပြောင်းရွှေ့

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစော အချိန်မှစ၍ မောင်တောဒေသ အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး ထိုသို့ ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများ နှင့် အစ္စလာမ် ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက် လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများ သည် နေရာစွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
 
လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ရှိလာသည့် အတွက် ကြိမ်ချောင်း ကယ်ဆယ်ရေးစခန်း၊ တောင်ပြိုလက်ဝဲ ကယ်ဆယ်ရေးစခန်း၊ ငါးကျည် တောက်ရွာ ကယ်ဆယ်ရေးစခန်း၊ အင်းဒင်ကျေးရွာ ကယ်ဆယ် ရေးစခန်းနှင့် ဝါးခုတ်ချောင်း တပ်နယ်ရှိ နယ်မြေခံ တပ်ရင်းတို့တွင် ခေတ္တပြောင်းရွှေ့ရောက်ရှိနေသည့် ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၁၄၇၂ ဦး တို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ် လမ်းကြောင်း လုံခြုံရေးလိုက်ပါလျက် ၎င်းတို့၏ မူလ နေရပ်များသို့ ပြန်လည် ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
 
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်း ဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အနက်တစ်ချို့သည် ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိသည်။
 
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည် သူတို့ကို နိုင်ငံတော်အစိုးရမှ ကျန်းမာရေး၊ စားနပ်ရိက္ခာ စသည့် လိုအပ် သည်များကို ကူညီဖြည့်ဆည်းပေးလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း နယ်မြေလုံခြုံရေးရေးအပြင် ဒေသခံပြည်သူတို့ လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများအပြင် ရိက္ခာလိုအပ်ချက်များကိုပါ ကူညီထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment