စက်တင်ဘာ ၅ အထိ ARSA အစွန်းရောက်အကြမ်းဖက်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့ မှု့ ဖြစ်စဉ် မှတ်တမ်းအချက်အလက်များ

သြဂုတ် ၂၅ မှ ယနေ့  ( စက်တင်ဘာ ၅ ) အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ARSA အစွန်းရောက်
အကြမ်းဖက် အဖွဲ့များနှင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ထိတွေ့ မှု့ အခြေအနေများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်များကို အခြေခံပြီး
ဖြစ်စဉ် အကျဉ်းချုပ်နှင့် အချက်အလက်မှတ်တမ်းများကို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားရေးမှုးနျှင့် နိုင်ငံတော်
အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ၄င်း၏ Facebook တွင်
စက်တင်ဘာ ၅ ရက်ည ၁၀း၃၀ နာ၇ီခန့် က ထုတ်ပြန်ကြေညာပေးခဲ့သည်။

ထိုသို့ ကြေညာခဲ့ရာတွင် အသေရရှိခဲ့သည့် ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၁ ဦးပါဝင်ခဲ့ပြီး သတင်းရင်းမြစ်ကို တပ်မတော်မှ ရရှိခဲ့ခြင်းဟု
ရည်ညွန်းခဲ့သည်။ ဦးဇော်ဌေးမှာ နိုင်ငံတကာမှ ပြည်ပနိုင်ငံခြားသားအများစု
အသုံးပြုနေသည့် လူမှု့ ကွန်ရက် Twitter တွင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများသတင်းများနှင့် ပတ်သက်ပြီး တင်ပေးနေသည်ကို
တွေ့ ရသည်။

ဦးဇော်ဌေး၏ ထုတ်ပြန်ကြေညာမှု့  အပြည့်အစုံမှာ

၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ
(ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်)
---- ----- ----- ----- ------ ------

ထိတွေ့မှု -
---- ---
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့များ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှု
------- --- ---- ---
လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး ၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊
စုစုပေါင်း (၁၅)ဦး ကျဆုံးခဲ့ရ။

ဒေသခံ သေဆုံးမှု
-- ---- ---
ဒေသခံတိုင်းရင်းသား (၁၄) ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် (၇)ဦး၊
ဘင်္ဂလီ (၇)ဦး၊ စုစုပေါင်း(၂၈)ဦး သေဆုံးခဲ့ရ။

ARSA အစွန်းရောက်အကြမ်းဖက်သမား
--- ---- --- --- --
(၃၇၁) ဦး (ဇစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ
(၃၈) ဦး အရှင် ဖမ်းဆီးရမိ။

ဒဏ်ရာရရှိမှု
--- --- -
လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅ ) ဦး ၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး ၊
ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့။

မီးရှို့ခံရမှု
--- ---
ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး။
မိုင်းထောင်ဖျက်ဆီးခံရမှု - တံတား (၈ ) စင်း။

ဟူ၍ ဖြစ်သည်။

( ပုံ - Twitter တွင် ဦးဇော်ဌေး တင်ခဲ့သည့်
ဧရာဝတီသတင်းဌာန၏အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သည့်
မောင်တောတွင် ဟိန္ဒူများ ဒါဇင်ချီ အသတ်ခံခဲ့ရသည့်သတင်းမှ ဓါတ်ပုံ )

The Ladies News

 

Vote: 
No votes yet

Add new comment