ISIS အစွန်းရောက် အကြမ်းဖက်များ တိုက်ခိုက်ခြင်းသည် ၄င်း၏ ထိပ်တန်းဦးစားပေး နိုင်ငံခြားရေးမူဝါဒဟု ပြင်သစ်သမ္မတပြော

ပြင်သစ်သမ္မတ ဧမာနူအဲမက်ခရွန်က ဆီးရီးယားနှင့်အီရတ်ရှိ ISIS အစွန်းရောက် အကြမ်းဖက် သမားများအား တိုက်ခိုက်ခြင်းသည် ၄င်း၏ ပထမဦးစားပေး နိုင်ငံခြားရေး မူဝါဒဖြစ်ကြောင်း သြဂုတ် ၂၉ ရက်က ပြောကြားခဲ့သည်။
 
သို့သော်လည်း ပြင်သစ်၏မူဝါဒအရ ဆီးရီးယားနှင့် အီရတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ဂျူပီတာပုံစံ ကိုယ်ပိုင် အနေအထားဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။
 
ပြင်သစ်သံအမတ်များအား ပြောကြားရာတွင် မက်ခရွန်က ”ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းမယ်ဆို အိရတ်ထက် ဆီးရီးယားက ပြင်သစ်အတွက် အဓိကဦးစားပေး လုပ်ဆောင်ရမှာဖြစ်တယ်”ဟု ပြော သည်။
 
ဆီရီးယားကိစ္စအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောကြားရန် အတွက် အခြားသော အမြဲတမ်းအဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့တစ်ခု ဖန်တီးဆက်သွယ်ရန် ၄င်းကအဆိုပြုခဲ့သည်။
 
မစ္စတာမက်ခရွန် အနေဖြင့် ဆီးရီးယား၏ မဟာမိတ် အီရန်နှင့် အဏုမြူ စွမ်းအင်ကိစ္စ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အပြောင်းအလဲ မရှိကြောင်း၊ တီဟီရန် နှင်ဆက်ဆံရေးအား အပြုသဘောဆောင်ပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း ဆိုသည်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် အဆိုပါ သဘောတူညီ ချက်အား သဘောမကျသော်လည်း ဆန်ကျင့်ဘက် ပြုမူခြင်းများ လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ တဆက်တည်းမှာပင် ISIS အကြမ်းဖက် သမားများနှင့် ၄င်းတို့မိသားစုဝင်များ အပါအဝင် လူပေါင်း ၆၀၀ ခန့်သည် လက်ဘနွန်- ဆီးရီးယာနယ်စပ် ဆီးရီးယား၏ Deir Ezzor စီရင်စု အရှေ့ဘက်တွင် ရောက်ရှိလာခြင်းများရှိသည်။
 
Ref;Morning Star
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment