စာရေးဆရာမ ခင်ခင်ထူး၏ နာမည်ကြီး မအိမ်ကံဝတ္ထူကို ရုပ်သံဇာတ် လမ်းတွဲအဖြစ် ရိုက်ကူးကာ MRTV 4 တွင် ပြသမည်

စာရေးဆရာမ ခင်ခင်ထူး၏ နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်သည့် မအိမ်ကံဝတ္ထုကို ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ငြိမ်းမင်းက ရိုက်ကူးမည်ဖြစ်ပြီး MRTV 4 တွင် ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။
 
မအိမ်ကံဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ဖန်တီးရိုက်ကူးရာတွင် ကုန်ကျစရိတ် များနိုင်ကြောင်း၊ ၀တ္ထုအတွင်း မြန်မာမှုအခြေခံ ကာရိုက် တာ၊ နေရာဒေသ၊ ၁၉၂၀ ၀န်းကျင်းကာလကို အခြေခံရိုက်ကူးရမည် ဖြစ်ကြောင်း၊ သရုပ်ဆောင်ပိုင်းကိုလည်း သေချာ ရွေးချယ်သွားမည် ဖြစ်ကြောင်းကိုလည်း ဒါရိုက်တာငြိမ်းမင်းက မီဒီယာသို့ ပြောကြားခဲ့သည်။
 
စာရေးဆရာမ ခင်ခင်ထူး၏ နာမည်ကြီး မအိမ်ကံဝတ္ထုတွင် အဓိကဇာတ်ဆောင် မအိမ်ကံ၏ ကျေးလက်ဓလေ့ပုံစံ မြန်မာအမျိုးသမီး တစ်ဦး၏ ဘ၀ဖြတ်သန်းမှုပုံစံတွင် သရုပ်ဆောင်ရန်အတွက် မြန်မာ ပရိသတ်များက အိန္ဒြာကျော်ဇင်၊ အေးမြတ်သူ၊ အိချောပိုနှင့် စိုးပြည့်သဇင် စသူတို့ကို မျှော်မှန်းထားကြသည်။
 
အဆိုပါ မအိမ်ကံ ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းတွင် အပိုင်း ၄ဝ ဖြင့် ပြသသွားမည်ဖြစ်ကာ သရုပ်ဆောင် အရေအတွက်ကို မူရင်း ဇာတ်လမ်းတွင်ပါဝင်သည့် ပမာဏအတိုင်း အနုပညာရှင်များနှင့် MRTV-4 မှ သရုပ်ဆောင်များဖြင့် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment