MiG-35s တိုက်လေယာဉ်များ ၀ယ်ယူရန် ပီရူး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ စိတ်ဝင်စားလျက်ရှိကြောင်းဆို

ပီရူး၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့မှ MiG-35s တိုက်လေယာဉ်အား ၀ယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်းနှင့် အဆိုပါ နိုင်ငံများက ကိုယ်စားလှယ်များနှင့် Army-2017 စစ်လက်နက်ဆိုင်ရာ ဖိုရိမ်တွင် ဆွေးနွေးခဲ့ကြောင်း MiG aircraft ကော်ပိုရေးရှင်း CEO Ilya Tarasenkoက မော်စကိုဒေသ စစ်ရေးပြကွင်းတွင် အင်္ဂါနေ့ကပြောသည်။
 
“MiG-35 လေယာဉ်တွေ ပေးပို့ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တယ်။ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ဖို့ ညှိနှိုင်းမှု အချို့ရခဲ့ တယ်။ ကျွန်တော်တို့ ရဲ့ ဒေသတွေဖြစ်တဲ့ CIS၊ အရှေ့တောင်အာရှ နိုင်ငံ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပီရူးတို့ဖြစ်တယ်” ဟု ပြောသည်။
 
Tarasenko က ၎င်းတို့အနေဖြင့် လက်ရှိ ပြောဆိုဆွေးနွေးမှု အခြေ အနေသာရှိပြီး ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း မှတ်ချက်ပြုပြောသည်။
 
MiG-35s သည် 4++ ဘက်စုံသုံး ဖိုက်တာဂျက်လေယာဉ် အမျိုး အစားဖြစ်ပြီး MiG-29K/KUB နှင့် MiG-29M/M2 လေယာဉ်များကို အခြေခံ ဒီဇိုင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။ လေကြောင်းစမ်းသပ် ပျံသန်းမှုအား လွန်ခဲ့သည့် ဇန်န၀ါရီ ၁၆ ရက် ပြုလုပ်ခဲ့ပြီး မော်စကိုဒေသ တွင် ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပြပွဲတွင် ပါဝင်ခဲ့သည်။
 
Ref: Peru, Myanmar, Bangladesh interested in purchasing MiG-35s(Tass /Russia News Agency)
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment