ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ မြန်မာနှင့်လာအိုအသင်းတို့၏ ယှဉ်ပြိုင်မှု Social Media မှ Live ထုတ်လွှင့်မှုအား ဖမ်းယူ၍ MRTV Sport Channel မှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ သြဂုတ်လ ၁၆ ရက်နေ့ ည ၇:၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံး ပွဲစဉ်အား ထုတ်လွှင့်ပြသနိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမေတ္တာ ရပ်ခံချက်အရ မလေးရှား Sea Game ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် Social Media ပေါ်တွင် Live Streaming ရိုက်ကူး ထုတ်လွှင့်မှုအား သဘောတူညီခဲ့ပါသည်။
 
မြန်မာဘောလုံး ချစ်ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် မြန်မာ-လာအို အသင်းတို့၏ ဘောလုံးပွဲစဉ်အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ Social Media ပေါ်တွင် Live Straming လွှင့်တင်ထားမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ဖမ်းယူ၍ သြဂုတ်လ (၁၆)ရက်နေ့ ည (၆:၅၀)နာရီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား၊ MRTV Sport Channel ၊ မြန်မာ့အသံ(ရေဒီယို)တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသပေး သွားမည် ဖြစ်သည်။
 
Social Media ပေါ်မှ ဖမ်းယူပြသရသည့်အတွက် နည်းပညာ အခက်အခဲနှင့် စက်မှုပိုင်းဆိုင်ရာ အခက်အခဲများ တွေ့ကြုံနိုင်ပါသဖြင့် ရုပ်သံအရည်အသွေး မကောင်းခြင်း၊ Live ထုတ်လွှင့်မှု ခေတ္တပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ကို မြန်မာ့ရုပ်မြင်သံကြား၏ မြန်မာဘောလုံး ချစ်ပရိသတ်များအနေဖြင့် သည်းခံခွင့်လွှတ်ကြပါရန် အနူးအညွတ် ကြိုတင်မေတ္တာရပ်ခံ တောင်းပန်ထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment