ကချင်နှင့် ကယားပြည်နယ်အတွင်း ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူမရှိဟု ဆို

ကချင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် လတ်တလောပြင်းထန်
အသက်ရှုလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ကုသမှုခံယူသူ မရှိကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
 
လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံပြသ သူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပြီး တက်ရောက်ပြသသူ ၃၁၀ဦးရှိကာ H1N1ပိုးတွေ့ ရှိသူ ၇၉ဦးရှိပြီး ၇ ဦး သေဆုံးကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၁၄) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၁၅) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၁၉) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုး တွေ့လူနာ (၇) ဦး တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
 
ဧရာဝတီတိုင်းဒေသကြီးအတွင်း လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ပြသသူ ၇၁ ဦးရှိပြီး H1N1ပိုးတွေ့ရှိသူ ၃၄ဦးဖြစ်ကာ သေဆုံးသူ ၉ ရှိပြီး သေဆုံးမှုအများဆုံးဖြစ်ကြောင်းလည်း သိရသည်။
 
အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၆)ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၅၁)ဦး၊ စုစုပေါင်း (၅၇)ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
 
လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံ တက်ရောက်နေသူများတွင် H1N1ပိုးတွေ့လူနာများ သာမက ပိုးမတွေ့ လူနာများကိုလည်း လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါ ကုသရေး လမ်းညွှန်အတိုင်း ထိရောက်သောကုသမှုများရရှိရန် အထူးအလေးပေး ဆောင်ရွက်လျက် ရှိသည်ဟုလည်း ထုတ်ပြန် ထားသည်။
 
ဇော်မင်းထွန်း
The Ladies News

 

Vote: 
No votes yet

Add new comment