မြန်မာအမျိုးသမီးငယ်များအကြား ရေပန်းစားနေသည့် မိုရီဆာကီဝင်း

ယခုရက်ပိုင်းအတွင်း မြန်မာအမျိုးသမီးငယ်များအကြား လူမှုကွန်ရက် စာမျက်နှာတွင် မြန်မာပြည်ဖွား အနုပညာရှင် မိုရီဆာကီဝင်း အကြောင်း ရေပန်းစားလျက်ရှိနေသည်။
 
ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည့် `ဇာတိမြေ´ ရုပ်ရှင်ဇာတ်ကားတွင် ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်း နှင့် ၀တ်မှုံရွှေရည် တို့ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲကို သြဂုတ်လ ၇ ရက်က Novotel Hotel ပြုလုပ်စဉ်က မြန်မာ အမျိုးသမီးငယ်များ အကြား မိုရီဆာ ကီဝင်း အား စတင် သတိထားမိလာခဲ့ပြီး `အ၀င်း´ ဟုပင် အမည်တွင် ကာ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေပန်းစားလာခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကား `ဇာတိမြေ´ My Country My Home ကို MNTV ရုပ်သံလိုင်းနှင့် JIP (Japan International Broadcasting Inc.) တို့ ပူးပေါင်း၍ ရိုက်ကူးခြင်း ဖြစ်ပြီး ၈၈ အရေးတော်ပုံကို အခြေခံ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား ဖြစ်ကြောင်းလည်း သိရသည်။
 
အနုပညာရှင် မိုရီဆာကီဝင်း သည် မြန်မာပြည်တွင် မွေးဖွားခဲ့ပြီးနောက် ၁၀ နှစ်သားကတည်းက ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ကာ ဂျပန်တွင် အနုပညာ လှုပ်ရှားမှုများကို ၁၄ နှစ်အရွယ်မှစ၍ လှုပ်ရှားခဲ့သည်။ PrizmaX ဆိုသည့် ဂျပန် boyband တွင်လည်း အဖွဲ့ဝင်တစ်ယောက် အဖြစ် အနုပညာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း မိုရီဆာကီဝင်းက မီဒီယာသို့ ပြောသည်။
 
ဂျပန်နိုင်ငံတွင် boyband တစ်ခုအဖြစ် PrizmaX ကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ငါးဦးဖြစ်သည့် Tim Kurokawa (Vocalist, Leader), Win Morisaki (Vocalist), Daiki Shimizu (Rapper) , Yuki Fujumoto (Dancer) နှင့် Tsubasa Shimada (Dancer) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment