Miss Myanmar International 2017 winner အလှမယ် စ၀်ယွန်းဝတီဦး

သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်တွင် Miss Myanmar International 2017 နောက်ဆုံးပြိုင်ပွဲတွင် ခါးနံပါတ် ၂၀၊ စ၀်ယွန်းဝတီဦးက သရဖူ ရရှိခဲ့သည်။
 
Miss Myanmar International 2017 ပြိုင်ပွဲကြီးတွင် Winner ဆုကို စ၀်ယွန်းဝတီဦးက လည်းကောင်း၊ 1st Runner Up ဆုကို ထွန်းပုလဲရတနာက လည်းကောင်း၊ 2nd Runner Up ဆုကို အိကေဇင်သန်းက လည်းကောင်း၊ Miss Popular ဆုကို စိုးရတနာထွန်း က လည်းကောင်း၊ Miss Congeniality ဆုကို မေလီစန်းအောင်က လည်းကောင်း၊ Miss Photogenic ဆုကို မိုးသဉ္ဇာလွင် ကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ Miss Myanmar International 2017 ပြိုင်ပွဲကြီးကို Stellar Seven Entertainment က ကြီးမှူး၍ Myanmar Tourism Federation က ပံ့ပိုးကူညီထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
Winner ဆု ရရှိသူအား Crown နှင့် ဆုငွေကျပ် သိန်း ၁၀၀၊ 1st Runner Up ကို ကျပ်သိန်း ၆၀၊ 2nd Runner Up ကို ကျပ်သိန်း ၄၀ ဖြင့် လည်းကောင်း၊ အခြား Title ဆုရသူများအား စပွန်ဆာနှင့် Partnership အဖွဲ့တို့က ငွေသားကျပ်များနှင့် အခြားဆုများ ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
 
Miss Myanmar International 2017 winner အဖြစ် ရွေးချယ်ခံရသူ အလှမယ်အနေဖြင့် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ် သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment