စင်ကာပူတွင် မျက်စိကို လေဆာကုသပြုလုပ်ခဲ့သည့် စိုင်းစိုင်းခမ်းလှိုင်

အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်အနေဖြင့် ဇူလိုင်လ ပထမပတ်အတွင်းက စင်ကာပူနိုင်ငံ၊ Mount Elizabeth Novena ဆေးရုံတွင် လေဆာကုထုံးနည်းဖြင့် မျက်စိကုသမှုခံယူခဲ့ကြောင်း သိရသည်။
 
''ဆယ်တန်းအောင်ပြီးကတည်းက မျက်မှန်စတပ်ရတယ်။ မျိုးရိုးကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ မောင်နှမ လေးယောက်လုံး မျက်မှန်တပ်ရတယ်။ ကျွန်တော်ကတော့ တပ်လိုက် မတပ်လိုက်နဲ့ ဒီအတိုင်းလည်း နေတာပဲ။ UFL ရောက်တော့ မျက်မှန်မပါရင် စာမမြင်ရတော့ဘူး။ တချို့မိတ်ဆွေတွေက ကျွန်တော့်ကို စိတ်ဆိုးကြ တယ်။ ကြီးကျယ်တယ်၊ မမြင်ချင်ယောင် ဆောင်တယ်ဆိုပြီး ပြောကြတယ်။ အမှန်က ကျွန်တော်အဝေးကို သိပ်မမြင်ရဘူး။ နောက်ပိုင်းကျတော့ တစ်နေကုန် မျက်ကပ်မှန်နဲ့ နေတာပါ။ အဲဒီလိုနဲ့ Short-Sightedness ပါဝါတက်လာလိုက်တာ ဘယ်ဘက်က ၅ဝဝ၊ ညာဘက်က ၄၅ဝ အထိ ဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တစ်နေ့ကို နာရီပေါင်းများစွာ ဖုန်း screen ကို ကြည့်ခဲ့တာလည်း ပါမှာပေါ့။ မနက် မျက်မှန်ရှာရတဲ့ ဒုက္ခကလည်း ရှိတယ်” ဟု စိုင်းစိုင်းခမ်းလှိုင်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မျက်စိနှင့်ပတ်သက်၍ စိတ်ခံစားမှုများကို ရေးသားထားသည်။
 
အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က စင်ကာပူနိုင်ငံရှိ Mount Eliza-beth ဆေးရုံတွင် ကျန်းမာရေး ဆေးစစ်မှု (Medical Check-Up) ပြုလုပ်ရင်း မျက်စိကိုပါ လေဆာကုသမှု (Lasik Surgery) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
 
ထိုသို့ လေဆာကုသမှု (Lasik Surgery) ပြုလုပ်ရာတွင် အချိန်ငါးမိနစ်ခန့် သာ ကြာမြင့်ခဲ့ပြီး ကုသမှုအပြီး နှစ်ပတ်မှ သုံးပတ်ခန့် နေကာမျက်မှန် တပ်ရမည် ဖြစ်ကြောင်းလည်း စိုင်းစိုင်းခမ်းလှိုင်က ရေးသားထားသည်ကို တွေ့ရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment