ရေပူစစ်ဆေးရေးဂိတ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးများ သိမ်းဆည်းရမိ

ဇွန်လ ၅ ရက် တွင် ပြင်ဦးလွင်မှ မန္တလေးသို့ သွား ရောက်မည့် ၂၂ ဘီးတွဲယာဉ်ကို (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်းပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်မောင်းဘေးတွင် လိုက်ပါလာသူ၏ ပုဆိုးခါးပုံစအတွင်း မှ အပြာရောင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် "88" နှင့်"I" စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ဝ (38 g) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၉ သန်းခန့်) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၃ သန်းခန့်)နှင့် ဇွန်လ ၂ ရက်နေ့က မူဆယ်မှ မန္တလေးသို့ သွားရောက်မည့် ခရီးသည် တင်မှန်လုံယာဉ်ကို (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေစစ် ဆေးရာ ခရီးသည်သုံးဦး၏ ကျောပိုး အိတ်အတွင်းမှ ဆပ်ပြာခွက် ၁ဝ ခွက် ဖြင့် ထည့်ထားသည့်ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့်များ (120 g)၊ အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်နှစ်အိတ်အတွင်းမှ "88" နှင့်"I" စာတန်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝ (၄ဝါ) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ဝ ဒသမ ၄ သန်းခန့်) တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
 
တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ ဇွန်လ ၅ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆ ဒသမ ၁၄ သန်းခန့်) ရှိကြောင်း သတင်းရရှိသည်။
 
တရားမဝင်ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင် ရွက်ခဲ့ပြီး ဇွန် ၅ ရက် တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၄၁၉ စီး၊ သွင်းကုန် ၅၈၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန် သွယ်မှုယာဉ်ပို့ကုန် ၅၅ စီး၊ သွင်းကုန် အစီး ၁၉ဝ ကုန်စည်များ သယ်ယူ ပို့ဆောင်လျက် ရှိသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment