You are here
လွှတ်တော်ကို Institution တစ်ခုအဖြစ် အသိအမှတ်မပြုသမျှ နိုင်ငံတော်ငွေကုန်သည့် ဟန်ပြလွှတ်တော်ကြီးဖြစ်နေမည်

လွှတ်တော်ကို Institution တစ်ခုအဖြစ် အသိအမှတ်မပြုသေးသ၍ လွှတ်တော်လုပ်နေရခြင်းသည် နိုင်ငံတော်ငွေကြေးကုန်သည့် ဟန်ပြလွှတ်တော်ကြီးဖြစ်နေအုံးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
မေလ ၂ ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားခဲ့သည်။
“YBS ပြီးတော့ Water Taxi ပေါ့၊ မေလလယ်မှာ water taxi စလုပ်မယ်လို့ပြောတယ်၊ လွှတ်တော်မှာ အစောကြီးကတည်းက ဒီကိစ္စကိုဆွေးနွေးဖို့တင်ထားပေမယ့် လုံးဝဆွေးနွေးခွင့်မရခဲ့ပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်များက
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေအများကြီးရှိပြီး သိချင်တာတွေအများကြီးရှိပါတယ်” ဟုလည်း ဒေါ်စန္ဒာမင်းက ရေးသားထားသည်။
ထို့အတူ တိုင်းဒေသကြီးအတွင်း လုပ်ဆောင်မည့်စီမံကိန်းများကို ၎င်းအနေဖြင့် လွှတ်တော်သို့ တင်ပြရာတွင် ကိုယ်စားလှယ်များ ရင်ဆိုင်နေရသည့်အခြေအနေကိုပါ တင်ပြထားကြောင်း၊ ယင်းစီမံကိန်းများသည် ပြည်သူများအတွက် မည်သို့စီမံဆောင်ရွက်သင့်သည်ကိုလည်း ဆွေးနွေးပေးစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ အခက်အခဲများကို မသိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှု့ များ မပြုလုပ်စေလိုကြောင်းလည်း မေ ၃ နံနက်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
“ရာသီစာမေးခွန်းတွေကျတော့ ကြန့်ကြာတဲ့အခါမကောင်းဘူး၊ ကျွန်တော်တို့လည်း ပါးစပ်နဲ့မေးရတယ်ဆိုပေမယ့် ကြိုးစားပြီး မေးခွန်းတွေ အချက်အလက်တွေ စုရတယ်၊ အချိန်နဲ့တပြေးညီ လုပ်နိုင်မယ်ဆိုရင်တော့ လူထုအနေနဲ့ စိတ်ကျေနပ်မှုရှိမှာပါ” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကလည်း The Ladies သို့ပြောဆိုထားသည်။
ဇော်မင်းထွန်း
The Ladies News
Add new comment