ယခုနှစ် ဆောင်းရာသီ အအေးပေါ့နေကာ၊ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလ အတွင်းမှာသာ သုံးရက်မှငါးရက်ကြာထိ အအေးပိုမှုဖြစ်ပေါ်နိုင်

၂၀၁၆ ဆောင်းရာသီအတွင်း ယခု ဒီဇင်ဘာ လကုန်အထိ ဆောင်းရာသီ၏ အငွေ့အသက်ကို အပြည့်အ၀ ခံစားရခြင်း မရှိသေးပေ။
 
ဆောင်းရာသီ အအေးပေါ့ခြင်းနှင့် ပတ်သက်၍ “အပူချိန်တွေ (နေ့ရော ညပါ) တစ်နှစ်ထက်တစ်နှစ် ပိုပူလာပါတယ်။ ၂၀၁၄ ခုနှစ့် ကမ္ဘာ့စံချိန်သစ် တင်ရအောင် အပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ရောက်တော့ ၂၀၁၄ ရဲ့စံချိန်ကိုချိုးပြီး အပူဆုံးနှစ် ဖြစ်လာ ပြန်ပါတယ်။ အခု ၂၀၁၆ ခုနှစ်ရောက်တော့ ၂၀၁၅ ထက်ပိုပူနေပြန်ပြီး စံချိန်သစ်တင်တဲ့ အပူဆုံးနှစ် ဖြစ်လာပြန်ပါတယ်။ ဒီတော့ ၂၀၁၆ ခုနှစ် ဆောင်းဟာ အအေးပေါ့တဲ့ ဆောင်း ဖြစ်လာရပါတယ်။
 
၂၀၁၅ ဇွန်လမှ စတင်ကာ ၂၀၁၆ ခုနှစ် မေလအထိ အလွန် ပူပြင်း ခြောက်သွေ့တဲ့ ကမ္ဘာ့အယ်လ်နီညို သမိုင်းမှာ အားအကောင်းဆုံး အလယ်လ်နီညို ဖြစ်ခဲ့ပြန်ပါတယ်။ ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ မီးလောင်ခြင်းစတဲ့ ပူပြင်းတဲ့ ရာသီလက္ခဏာတွေကို ၂၀၁၆ ခုနှစ် နွေရာသီ မှာ ကြုံတွေ့ခဲ့ကြရပါတယ်။ အားကောင်းတဲ့ အယ်လ်နီ ညိုဖြစ်ပြီးရင် အားကောင်းတဲ့ လာနီညာ ဖြစ်တတ်တဲ့ သဘာဝကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ လာနီညာဖြစ်ဖို့မျှော်မှန်း ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ လာနီညာဖြစ်လာခဲ့ပေမယ့် အားမကောင်း ခဲ့ပါဘူး။ ဒါဟာ ဆောင်းကို အအေးပိုရမယ့်အစား အအေးပေါ့စေခဲ့ပြန်ပါတယ်။
 
လက်ရှိအချိန် ခရစ်စမတ်ကာလ ကျော်လာတဲ့အထိ ပင်လယ်ပြင်တွေ (ဘင်္ဂလားပင်လယ်အော် ရေပြင်နဲ့ တောင်တရုတ် ပင်လယ်ပြင်) မှာ မုန် တိုင်းတွေ ဖြစ်နေဆဲ ရှိနေပါတယ်။ တောင်တရုတ် ပင်လယ်ပြင်မှာ လက်ရှိ အချိန်မှာ ၂၆ လုံးမြောက် တိုင်းဖွန်းမုန်တိုင်း NOCK-TEN ဖြစ်ပေါ်နေ ပါတယ်။ ဒါကြောင့် အပူပိုင်း မုန်တိုင်းများကြောင့် အအေးပေါ့စေပါတယ်။
 
မိုးလေ၀သဂြိုဟ်တုများမှ တစ်ဆင့် WATER VAPOUR SENSOR ဖြင့် လေထုအတွင်း ရေငွေ့ (ရေ+အပူ) ပါဝင်မှုတွေကို တိုင်း တာကြည့်ရာ မြန်မာနိုင်ငံ အ၀ှမ်းပေါ်ရှိ လေထုအတွင်း ရေငွေ့များ ပါရှိနေဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ရေငွေ့ အပူချိန်မျာ ထပ်ဆောင်းနေတဲ့အတွက် ခံစားရတဲ့ အပူချိန်တွေ (FEEL TEMPERATURES) တွေဟာ မြင့်မားနေစေတဲ့အတွက် အအေး ကို ပေါ့စေပြန်ပါတယ်။
 
လာမယ့် ဇန်န၀ါရီလလယ်ခန့်မှ စတင်ကာ ဖေဖေါ်ဝါရီလလယ် လောက် အထိ ၃-၅ ရက်ခန့် ကြာနိုင်တဲ့ အအေးပိုမှု နှစ်ကြိမ်ခန့် ဖြစ်နိုင်သေးတယ် လို့ မျှော်လင့်ရပေမယ့် ၂၀၁၆-၁၇ ဆောင်းကတော့ အအေးပေါ့တဲ့ ၂၁ ရာစုနှစ်ဆောင်းသာ ဖြစ်လာဖို့ များနေပါတယ်လို့ ခန့်မှန်းရပါတယ်။
 
တကယ်တော့ ဒီကနေ့ကမ္ဘာကြီးဟာ ပို၍ပူသော၊ ပို၍ခြောက်သွေ့သော၊ ပို၍စွတ်စိုသော အနာဂတ်ကမ္ဘာ (HOTTER, DRIER AND WETTER - FACE THE FUTURE) ဖြစ်လာနေပါပြီ” ဟု မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က ယခုနှစ် ဆောင်းရာသီ အအေးပေါ့ခြင်းနှင့်ပတ်သက်၍ ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment