ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါးများ FDA နှင့် ဌာနဆိုင်ရာ ပူးပေါင်းဖော်ထုတ်မှုဖြင့် သိမ်းဆည်းရမိ

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ်သော ဆေးဝါးများအား အတုပြုလုပ် ရောင်းချဖြန့်ဖြူးနေမှုများနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများ ဝိုင်းဝန်းပူးပေါင်း ဖော်ထုတ်ခဲ့ရာမှ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၈ဝဝဝ တန်ဖိုးရှိ ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါးများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းပွဲမှ သိရသည်။

ရှင်းလင်းပွဲ တက်ရောက်လာသော အရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်သည့် EMP ဆေးဝါးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးရဲလင်းက ''ကျွန်တော့်အနေနဲ့ အများကြီး အားရတယ်။ ကျွန်တော်တို့ ဒီဆေးဈေးကွက်ထဲမှာ BPI ဆေးအတုတွေ၊ ဆင်တူယိုးမှားတွေနဲ့ သက်တမ်းလွန်တဲ့ ဆေးဝါးတွေ အများကြီးမိတယ်။ တကယ်တမ်း ဈေးကွက်ထဲ မှာက ဒီတစ်မျိုးတည်း မဟုတ်ဘူး။ နိုင်ငံခြားကတင်သွင်းလာတဲ့ ဆေးတွေကလည်း ရရင်ရသလို သွင်းကြတယ်။ ကျွန်တော်တို့က FDA နဲ့ သက်ဆိုင်ရာတွေကို အစီရင်ခံစာတင်လိုက်တဲ့အခါ သူတို့ကအရေးယူတယ်။ အရေးယူတော့ ပျောက်သွားတယ်။ တချို့ဟာတွေလည်း အဆင်ပြေသလို ဝင်ချင်လည်း ဝင်လာသေးတယ်။ ဒါတွေက ဖြစ်တတ်ပါတယ်။ BPI က ရှင်းလင်းပွဲမှာ ပြောသွားတာ လည်းရှိတယ်။ ဖြစ်တာကတော့ အရင်ကတည်းကဖြစ်တာ။ အခုတော့ သိသိသာသာ အရေးယူနေပြီဆိုတော့ ကောင်းပါတယ်” ဟု ဆိုသည်။

“အရေးယူတာနဲ့တင် ရမလားဆိုတော့ ဒီမီဒီယာတွေကပါ ဝိုင်းဝန်းပြီး အတုတွေ၊ အစစ်တွေကို အသိပညာ ပြန့်ပွားအောင် ဆောင်ရွက်တာတွေ လုပ်မယ်။ နောက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်တွေဘက်ကလည်း ဥပမာ BPI က ထုတ်တဲ့ ဆေးဝါးတွေ စာအုပ်ထဲကအတိုင်း ဘယ်လိုသုံးရမယ်ဆိုတာကို ကျွန်တော်တို့က များများထုတ်၊ များများရိုက်ပြီး နယ်တွေကို ရသလောက် လိုက်ဖြန့်ဝေမယ်။ ပြီးတော့ ကျွန်တော်တို့ဆီက ဝန်ထမ်းတွေကို ဆေးအကြောင်းတွေ ပြောပြမယ်။ ဆေးဆိုင်တွေကိုလည်း ပြောရမယ်။ ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့က ဘယ်ဆိုင်အထိ ရောက်သွားတယ်ဆိုတာ စာရင်းလုပ်ထားမယ်။ အဲ့လို မဟုတ်ဘဲ လာသွင်းတာနဲ့ ဝယ်ပြီး ပြန်ရောင်းတယ် ဆိုရင်တော့ အတုဖြစ်နေတာ၊ အစစ်ဖြစ်နေတာတွေဟာ အများကြီး စဉ်းစားစရာဖြစ်လာမယ်'' ဟု ဦးရဲလင်းက ၄င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။

MOI

The Ladies News

Vote: 
No votes yet

Add new comment