တပ်မတော်ဝတ်စုံ ပြောင်းလဲခြင်းကို လူမှုကွန်ယက် စာမျက်နှာတွင် သရော်ခဲ့သည့် နည်းပညာ တက္ကသိုလ်ကျောင်းသူကို ပထမအကြိမ် ရုံးထုတ် စစ်ဆေး

တပ်မတော်မှ ပြောင်းလဲလိုက်သည့် ဝတ်စုံအရောင်အား လူမှုကွန်ယက် Facebook
စာမျက်နှာတွင် သရော်ခဲ့သည့် မအူပင် နည်းပညာတက္ကသိုလ်ကျောင်းသူ မချောစန္ဒီ
ထွန်းအား စက်တင်ဘာလ ၁၃ ရက်နေ့က မအူပင်မြို့နယ် တရားရုံးတွင် ပထမဆုံး
အကြိမ် ရုံးထုတ်စစ်ဆေးကြောင်း သိရှိရသည် ။

မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ အချိန်က ရန်ကုန်တိုင်း၊
ဗဟန်း မြို့နယ်ရှိ ဓမ္မဇောတိ တရားစခန်းတွင် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ည
တွင်းချင်း မအူပင်မြို့မရဲစခန်းသို့ ပို့ဆောင်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း
၎င်း၏ မိသားစုဝင်များထံမှ သိရသည် ။

“ရုံးထုတ်တာက ခဏလေးပဲဗျ ။ ၁၂ နာရီလောက် ထုတ်လာပြီး ချက်ချင်းရုံးချိန်း
ရက်ပေးပြီး ပြန်ခေါ် သွားကြတာ ။ အခုကတော့ မအူပင်မြို့မ ရဲစခန်းမှာပဲ သူ့ကို
ချုပ်ထားတယ်” ဟု မအူပင်ခရိုင် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုလူလတ်က
ပြောသည် ။

၎င်း၏အမှုအား အောက်တိုဘာ ၂၇ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း ၎င်း
၏ မိသားစုဝင်များထံမှ သိရသည် ။ မချောစန္ဒီထွန်းသည် ၄င်း၏ Facebook စာ
မျက်နှာတွင် အောက်တိုဘာလ ၈ ရက်နေ့ ည ၉ နာရီ ၂၉ မိနစ်အချိန်က “ အဲသ
လောက် အမေ့ကို ချစ်ကြရင်လဲ အမေ့ထဘီစ ခေါင်းမှာ ပတ်ထားပါတော့လားဗျာ”
ဟူ၍ ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းပြောနေသော ပုံနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း
အောင်လှိုင်က တပ်မတော်သားများအား မိန့်ခွန်းပြောနေသည့်ဓာတ်ပုံတို့ကို ယှဉ်တွဲ
ဖော်ပြကာ ဓာတ်ပုံများပေါ်တွင် “အမေစုဝတ်တဲ့ ထဘီအရောင် ကြိုက်လို့တဲ့ သူတို့
ချုပ်ဝတ်ကြလေပြီ” ဟု ရေးသားဖော်ပြထားကြောင်း မအူပင်မြို့မရဲစခန်းမှ သိရ
သည် ။

“ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားမယ် ဆိုတာကတော့ ညွန်းကြားချက်မရှိရင်
ကျွန်တော်တို့က ပြောလို့ မရပါဘူး ။ အဲဒီအတွက် ကျွန်တော်လည်း စိတ်မကောင်း
ပါဘူး” ဟု မအူပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းနိုင်အေးက ပြောသည် ။

တပ်မတော်သားများဝတ်ဆင်ခဲ့သော စစ်စိမ်းရောင်အစား အစိမ်းနုရောင်သို့ ပြောင်း
လဲဝတ်ဆင်ခဲ့မှုအား စာ၊ အမှတ်အသား၊ ပုံသဏ္ဌာန်တို့ဖြင့် အင်တာနက်စာမျက်နှာ
သို့ တင်ခဲ့သူအား စုံစမ်းခဲ့ရာ မအူပင် နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ မချော
စန္ဒီထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းအားဥပဒေအရ အရေးယူပေးရန် အင်တာ
နက်စာမျက်နှာတွင် တင်ထားသည့် ပုံများ၊ စာများနှင့်အတူ အနောက်တောင်တိုင်း
စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တိုင်ကြားလာခြင်းဖြစ်ကြောင်း မအူ
ပင်မြို့မရဲစခန်း မှ သိရသည် ။

မချောစန္ဒီထွန်းအား မအူပင်မြို့မ ရဲစခန်းတွင် အောက်တိုဘာလ ၁၂ ရက်က (ပ)
၂၉၄/၂၀၁၅၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်
စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည် ။

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(ဃ)အရ အဖွဲ့စည်းတစ်ခုခု (သို့
မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်
ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊
ပြုပြင်ခြင်း (သို့) ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့) ပြောင်းလဲခြင်း
ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်း ပြုလုပ်ပါက အမြင့်ဆုံးပြစ်
ဒဏ် ထောင်ဒဏ်ငါးနှစ်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ရန်ကုန်မြို့မှ တ
ရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးထံမှ သိရသည် ။

သတင်း - MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment