၀ူဟန္အဆုတ္ေရာင္ဗုိင္းရပ္စ္ လူမွလူသုိ႔ကူးစက္သည္ဟု တရုတ္အတည္ျပဳ

သီတင္းတစ္ပတ္အတြင္း ကူးစက္သူ သံုးဆတုိးလာခဲ့ၿပီး စုိးရိမ္မႈမ်ားျမင့္တက္လာ
--- --- ---
တရုတ္ႏုိင္ငံ အလယ္ပုိင္း ၀ူဟန္ၿမဳိ႕မွ စတင္ျဖစ္ပြားခဲ့သည့္ ဗုိင္းရပ္စ္မွာ လူမွလူသုိ႔ ကူးစက္ႏုိင္သည္ဟု တရုတ္အာဏာပုိင္မ်ားက အတည္ျပဳ လုိက္ျခင္းႏွင့္အတူ ဗုိင္းရပ္စ္အႀကီးအက်ယ္ ျပန္႔ပြားမည့္အေရးကုိလည္း စုိးရိမ္ေနၾကၿပီျဖစ္သည္။
 
အဆုိပါဗုိင္းရပ္စ္မွာ ယခင္က ေတြ႕ျမင္ခဲ့ဖူးသည့္ ဗုိင္းရပ္စ္အမ်ဳိးအစား မဟုတ္ေပ။ သုိ႔ေသာ္ Coronavirus ေၾကာင့္ ျဖစ္ပြားသည့္ လကၡဏာ မ်ားကုိ ေတြ႕ျမင္ၾကရသည္။ ၀ူဟန္ၿမဳိ႕တြင္ ၂၀၁၉၊ ဒီဇင္ဘာ ၁၂ က အဆုိပါဗုိင္းရပ္စ္ကုိ စတင္ေတြ႕ရွိခဲ့ရာတြင္ တိရစၦာန္မ်ားမွ လူမ်ားသုိ႔ ကူးစက္သည္ဟု ယူဆခဲ့ၾကေသာ္လည္း ယမန္ေန႔ (ဇန္န၀ါရီ ၂၀ - တနလၤာ)ကမူ လူမွ လူအခ်င္းခ်င္းသုိ႔ပါ ကူးစက္သည္ဟု တရုတ္က်န္းမာေရး အာဏာပုိင္မ်ားက အတည္ျပဳခဲ့ျခင္းျဖစ္သည္။
 
တရုတ္ႏွစ္သစ္ကူးပြဲေတာ္လည္း စတင္ေတာ့မည္ျဖစ္ရာ ခရီးသြား လာၾကမည့္ လူေပါင္းမ်ားစြာရွိလာမည္ျဖစ္သလုိ အဆုိပါဗုိင္းရပ္စ္ ဆုိးရြားစြာ ျပန္႔ပြားမည္ကုိလည္း စုိးရိမ္ေနၾကသည္။ ၀ူဟန္ဗုိင္းရပ္စ္ ထိန္းခ်ဳပ္ေရး ဗဟုိဌာနကလည္း ဗုိင္းရပ္စ္မျပန္႔ပြားေစေရး အတြက္ တားဆီးကာကြယ္ ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ေနသည္။ သုိ႔ေသာ္ အဆုိပါဗုိင္းရပ္စ္၏ ျပန္႔ပြားမႈႏႈန္းမွာ ၿပီးခဲ့သည့္ သီတင္းတစ္ပတ္ အတြင္း သံုးဆနီးပါး ျမင့္တက္လာခဲ့သလုိ ယေန႔ (ဇန္န၀ါရီ ၂၁) အထိ စာရင္းမ်ားအရ စုစုေပါင္း ႏုိင္ငံ ၄ ႏုိင္ငံတြင္ ဗုိင္းရပ္စ္ ကူးစက္ခံထားရသူ စုစုေပါင္း ၂၂၃ ဦးရွိခဲ့ၿပီျဖစ္ကာ ၄ ဦးေသဆံုးခဲ့ၿပီးဟု သိရွိရသည္။
 
တရုတ္ႏုိင္ငံတြင္ ဗုိင္းရပ္စ္ကူးစက္ခံထားရသူ ၂၁၉ ဦးရွိခဲ့ၿပီး ၄ ဦး ေသဆံုးခဲ့သည္။ ထုိင္းႏုိင္ငံတြင္ ဗုိင္းရပ္စ္ ကူးစက္ခံရသူ ၂ ဦး၊ ဂ်ပန္ႏုိင္ငံႏွင့္ ေတာင္ကုိရီးယားႏုိင္ငံတုိ႔တြင္ ၁ ဦးစီရွိခဲ့ၿပီး တရုတ္မွအပ က်န္သံုးႏုိင္ငံတြင္မူ ေသဆံုးသူမရွိေသးေပ။ ၀ူဟန္ၿမဳိ႕ရွိ ပင္လယ္စာ အေရာင္းဆုိင္တြင္ အလုပ္လုပ္ကုိင္ေနသလုိ တိရစၦာန္အရွင္မ်ားကုိ ေရာင္းခ်သူတစ္ဦးမွာ အမ်ဳိးအမည္ ခြဲျခားမရသည့္ အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားခဲ့သည္ကုိ စတင္ေတြ႕ရွိခဲ့၍ တိရစၦာန္မွလူသုိ႔ ကူးစက္သည္ဟု ကနဦး ယူဆခဲ့ၾကၿပီး ယခုအခါ အဆုိပါဗုိင္းရပ္စ္ကုိ Coronavirus (ေကာ္ရုိနာဗုိင္းရပ္စ္အသစ္) 2019 Novel Coronavirus အျဖစ္ သတ္မွတ္ခဲ့သလုိ လူမွလူသုိ႔ပါ ကူးစက္ႏုိင္သည္ဟု အတည္ျပဳခဲ့ျခင္း ျဖစ္သည္။
 
The Ladies News
#Unicode
ဝူဟန်အဆုတ်ရောင်ဗိုင်းရပ်စ် လူမှလူသို့ကူးစက်သည်ဟု တရုတ်အတည်ပြု
.
သီတင်းတစ်ပတ်အတွင်း ကူးစက်သူ သုံးဆတိုးလာခဲ့ပြီး စိုးရိမ်မှုများမြင့်တက်လာ
--- --- ---
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်မှာ လူမှလူသို့ ကူးစက်နိုင်သည်ဟု တရုတ်အာဏာပိုင်များက အတည်ပြု လိုက်ခြင်းနှင့်အတူ ဗိုင်းရပ်စ်အကြီးအကျယ် ပြန့်ပွားမည့်အရေးကိုလည်း စိုးရိမ်နေကြပြီဖြစ်သည်။
 
အဆိုပါဗိုင်းရပ်စ်မှာ ယခင်က တွေ့မြင်ခဲ့ဖူးသည့် ဗိုင်းရပ်စ်အမျိုးအစား မဟုတ်ပေ။ သို့သော် Coronavirus ကြောင့် ဖြစ်ပွားသည့် လက္ခဏာ များကို တွေ့မြင်ကြရသည်။ ဝူဟန်မြို့တွင် ၂၀၁၉၊ ဒီဇင်ဘာ ၁၂ က အဆိုပါဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ရာတွင် တိရစ္ဆာန်များမှ လူများသို့ ကူးစက်သည်ဟု ယူဆခဲ့ကြသော်လည်း ယမန်နေ့ (ဇန်နဝါရီ ၂၀ - တနင်္လာ)ကမူ လူမှ လူအချင်းချင်းသို့ပါ ကူးစက်သည်ဟု တရုတ်ကျန်းမာရေး အာဏာပိုင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။
 
တရုတ်နှစ်သစ်ကူးပွဲတော်လည်း စတင်တော့မည်ဖြစ်ရာ ခရီးသွား လာကြမည့် လူပေါင်းများစွာရှိလာမည်ဖြစ်သလို အဆိုပါဗိုင်းရပ်စ် ဆိုးရွားစွာ ပြန့်ပွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ဝူဟန်ဗိုင်းရပ်စ် ထိန်းချုပ်ရေး ဗဟိုဌာနကလည်း ဗိုင်းရပ်စ်မပြန့်ပွားစေရေး အတွက် တားဆီးကာကွယ် ထိန်းချုပ်မှုများ ပြုလုပ်နေသည်။ သို့သော် အဆိုပါဗိုင်းရပ်စ်၏ ပြန့်ပွားမှုနှုန်းမှာ ပြီးခဲ့သည့် သီတင်းတစ်ပတ် အတွင်း သုံးဆနီးပါး မြင့်တက်လာခဲ့သလို ယနေ့ (ဇန်နဝါရီ ၂၁) အထိ စာရင်းများအရ စုစုပေါင်း နိုင်ငံ ၄ နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၂၂၃ ဦးရှိခဲ့ပြီဖြစ်ကာ ၄ ဦးသေဆုံးခဲ့ပြီးဟု သိရှိရသည်။
 
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၁၉ ဦးရှိခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ၁ ဦးစီရှိခဲ့ပြီး တရုတ်မှအပ ကျန်သုံးနိုင်ငံတွင်မူ သေဆုံးသူမရှိသေးပေ။ ဝူဟန်မြို့ရှိ ပင်လယ်စာ အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသလို တိရစ္ဆာန်အရှင်များကို ရောင်းချသူတစ်ဦးမှာ အမျိုးအမည် ခွဲခြားမရသည့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့သည်ကို စတင်တွေ့ရှိခဲ့၍ တိရစ္ဆာန်မှလူသို့ ကူးစက်သည်ဟု ကနဦး ယူဆခဲ့ကြပြီး ယခုအခါ အဆိုပါဗိုင်းရပ်စ်ကို Coronavirus (ကော်ရိုနာဗိုင်းရပ်စ်အသစ်) 2019 Novel Coronavirus အဖြစ် သတ်မှတ်ခဲ့သလို လူမှလူသို့ပါ ကူးစက်နိုင်သည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment