၉၁ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Oscars ဆုပေးပွဲအတွက် Shortlists များ ထွက်ပေါ်လာ

၉၁ ကြိမ်မြောက် ကျင်းပပြုလုပ်မည့် Oscars ဆုပေးပွဲတွင် ပါဝင်လာမည့် ဆုများကို The Academy Of Motion Picture Arts Sciences (AMPAS) သည် ယနေ့တွင် တရားဝင်ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။
 
AMPAS ၏ ထုတ်ပြန်ကြေညာချက်အရ Documentary Feature ၊ Documentary (Short Subject) ၊ Foreign Language Film ၊ Makeup and Hairstyling ၊ Music (Original Score) ၊ Music (Original Song) ၊ Short Flim (Animated) ၊ Short Film (Live Action) ၊ Visual Effects အစရှိသည့် ဆုအမျိုးအစား (၉) မျိုးအထိ ပါဝင်လာခဲ့သည်။
 
Oscars ဆုပေးပွဲသည် ရုပ်ရှင်လောကတွင် အကြီးကျယ် အခမ်းနားဆုံး ဆုပေးပွဲကြီးတစ်ပွဲလည်းဖြစ်ပြီး အဆိုပါ ဆုပေးပွဲတွင် ဆုရရှိသည့် သက်ဆိုင်ရာ ကဏ္ဍမှ အနုပညာရှင်များသည် ရွှေသားဖြင့် ပြုလုပ်ထားသည့် အကယ်ဒမီ ရွှေ့စင်ရုပ်ဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
 
ဆုပေးပွဲ၏ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်လာမည့် ရုပ်ရှင်ဇာတ်ကားများကို လာမည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်သည်။
 
၉၁ ကြိမ်မြောက် Oscars ဆုပေးပွဲကြီးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။
 
Souce: Variety
The Ladies News
 
 

 

Vote: 
No votes yet

Add new comment