Box Office တွင် သုံးပတ်ဆက်ရပ်တည်နိုင်ခဲ့တဲ့ “Ralph Breaks the Internet” ရုပ်ရှင်ဇာတ်ကား

မြောက်အမေရိကရှိ Box Office သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက် မှ (၉) ရက်နေ့အတွင်း ၄င်းတို့၏ ထိပ်ဆုံး (၅) နေရာတွင် ရပ်တည် ထားနိုင်သည့် ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများကို ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာသွားခဲ့ပြီး “Ralph Breaks The Internet” Animation ရုပ်ရှင်ဇာတ်ကားသည် နံပါတ် ၁ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
 
အဆိုပါ “Ralph Breaks The Internet” Animation ဇာတ်ကား သည် နိုဝင်ဘာလအတွင်းကလည်း Box Office ၏ နံပါတ် ၁ နေရာတွင် သတင်းပတ် ၂ ပတ်တိုင်တိုင် ရပ်တည်နိုင်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ရုံတင်ဝင်ငွေ အမေရိကန် ဒေါ်လာ (၁၆) သန်းဖြင့် နံပါတ် (၁) နေရာတွင် (၃) ပတ်တိုင်တိုင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
 
၎င်းဇာတ်ကားနောက်တွင် ဒုတိယနေရာအဖြစ် Dr. Seuss’ The Grinch (2018) ဇာတ်ကားက ရပ်တည်နေပြီး အခြား ၃ နေရာ အတွက် Creed II ၊ Fantastic Beasts: နှင့် Bohemian Rhapsody ဇာတ်ကားများ အသီးသီး ရပ်တည်နိုင်ခဲ့သည်။
 
၁) Ralph Breaks The Internet
Ralph Breaks The Internet ဇာတ်ကားသည် ဒါရိုက်တာ ရစ်ခ်ျမော်ရေးနှင့် ဖီးလ်ဂျွန်ဆင် တို့ ရိုက်ကူးပုံဖော်ထားသည့် ၂၀၁၈ ခုနှစ် အမေရိကန် 3D (Animation) ဟာသဇာတ်ကား တစ်ကားဖြစ်ပြီး Walt Disney Animation Studios မှထုတ်လုပ် ထားသည့် နည်းပညာအသားပေး ဇာတ်ကားကောင်းတစ်ကား လည်းဖြစ်သည်။
 
၂) Dr. Seuss’ The Grinch (2018)
 
Dr. Seuss’ The Grinch ဇာတ်ကားသည်လည်း အမေရိကန် 3D Animation ခရစ်စမတ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေ (၁၅) သန်းဖြင့် Box Office ၏ အဆင့် ၂ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၁၉၅၇ ခုနှစ်က Dr.Seuss ၏ စာအုပ် How the Grinch Stole Christmas ကို ပြန်လည်ပုံဖော်ထားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။
 
၃) Creed II
Creed II ဇာတ်ကားသည် အမေရိကန် ကစ်ဘောက်ဆာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Black Panther ဇာတ်ကားတွင် ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့သည့် Michael B.Jordan က အဓိက ဇာတ်ကောင်အဖြစ်ပါဝင်ထားသည်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာအဖြစ် Steven Caple Jr ကရိုက်ကူးပုံဖော်ထားပြီး ဇာတ်ညွှန်းပိုင်းတွင် Sylvester Stallone နှင့် Juel Taylor တို့က တာဝန်ယူပေးထားသည်။ Creed II ဇာတ်ကားသည် ရုံတင် ၀င်ငွေ (၁၀) သန်းဖြင့် Box Office ၏ နံပါတ် (၃) နေရာတွင် ရပ်တည်နိုင်ခဲ့ သည်။
 
၎) Fantastic Beasts: The Crimes of Grindelwald
Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားသည် စာရေးဆရာမ j.K.Rowling ၏ လက်ရာကောင်း တစ်ပုဒ်ကို ရိုက်ကူးပုံဖော်ထားသည့် သဘာဝလွန် မှော်ဇာတ်ကား တစ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် နာမည်ကျော် မင်းသားကြီး Johnny Deep၊ Eddie Redmayne,Jude Law စသည့် အနုပညာရှင်များပါဝင်ထားသည်။ Fantastic Beasts: The Crimes Of Grindelwald သည် ရုံတင်ဝင်ငွေ (၆.၈) သန်းဖြင့် Box Office ၏ နံပါတ် (၄) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
 
၅) Bohemian Rhapsody
Bohemain Rhapsody ဇာတ်ကားသည် ရုံတင်ဝင်ငွေ (၆) သန်းဖြင့် Box Office ၏ နံပါတ် (၅) နေရာတွင်ရပ်တည်နိုင်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ ကမ္ဘာကျော် Queen အဖွဲ့ဖြစ်ပေါ်လာ ပုံနှင့် အဖွဲ့၏ ပင်တိုင်အဆိုတော် Freddie Mercury ၏ ဘ၀အကြောင်းကို ပြန်လည်ရိုက်ကူးပုံဖော် ထားခြင်းဖြစ်သည်။
 
Source: Boxoffice Mojo
The Ladies News

 

Vote: 
No votes yet

Add new comment