Box Office ၏ ထိပ်ဆုံးနေရာတွင် Ralph Breaks the Internet ရပ်တည်နေ

ပြီးခဲ့သည့် သီတင်းပတ်အတွက် မြောက်အမေရိက Box Office ၏ ထိပ်ဆုံး (၅) နေရာတွင် ရပ်တည်နေသည့် ဇာတ်ကားစာရင်းများကို မနေ့ကထုတ်ပြန်ကြေညာခဲ့ပြီး Ralph Breaks The Internet ဇာတ်ကားက ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ၄င်းဇာတ်ကားနောက်တွင် ဒုတိယနေရာအဖြစ် Creed II ဇာတ်ကားက ရပ်တည်နေပြီး အခြား ၃ နေရာအတွက် Dr. Seuss’ The Grinch (2018) ၊ Fantastic Beasts: The Crimes of Grindelwald နှင့် Bohemian Rhapsody ဇာတ်ကားများ အသီးသီး ပါဝင်လာခဲ့သည်။
.
၁) Ralph Breaks the Internet
Ralph Breaks The Internet ဇာတ်ကားသည် ဒါရိုက်တာ ရစ်ခ်ျမော်ရေးနှင့် ဖီးလ်ဂျွန်ဆင် တို့ ရိုက်ကူး ပုံဖော်ထားသည့် ၂၀၁၈ ခုနှစ် အမေရိကန် 3D ဟာသဇာတ်ကား တစ်ကားဖြစ်ပြီး Walt Disney Animation Studios မှထုတ်လုပ်ထားသည်။ အဆိုပါ ဇာတ်ကားသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း စံချိန်တင် ၀င်ငွေ (၅၆.၂) သန်း ဖြင့် Box Office ၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
.
၂) Creed II
Creed II ဇာတ်ကားသည် အမေရိကန် ကစ်ဘောက်ဆာ ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး Black Panther ဇာတ်ကားတွင် ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့သည့် Michael B.Jorden က အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာအဖြစ် Steven Caple Jr က ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ညွှန်းပိုင်းတွင် Sylvester Stallone နှင့် Juel Taylor တို့က တာဝန်ယူပေးထားသည်။ Creed II ဇာတ်ကားသည် ၀င်ငွေ (၃၅.၂) သန်းဖြင့် Box Office ၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
.
၃) Dr. Seuss’ The Grinch (2018)
Dr. Seuss’ The Grinch ဇာတ်ကားသည်လည်း အမေရိကန် 3D Animation ခရစ္စမတ် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး Box Office ၏ အဆင့် ၃ နေရာတွင်ရပ်တည်နိုင်ခဲ့သည်။၁၉၅၇ ခုနှစ်က Dr.Seuss ၏ စာအုပ် How the Grinch Stole Christmas ကို ပြန်လည်ပုံဖော်ထားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။
.
၎) Fantastic Beasts: The Crimes of Grindelwald
Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားသည် စာရေးဆရာမ j.K.Rowling ၏ လက်ရာကောင်း တစ်ပုဒ်ကို ရိုက်ကူးပုံဖော်ထားသည့် သဘာဝလွန် မှော်ဇာတ်ကား တစ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် နာမည်ကျော် မင်းသားကြီး Johnny Deep၊ Eddie Redmayne,Jude Law စသည့် အနုပညာရှင်များ ပါဝင်ထားသည်။ Fantastic Beasts: The Crimes Of Grindelwald သည် ၀င်ငွေ (၂၉.၃) သန်းဖြင့် Box Office ၏ နံပါတ် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
.
၅) Bohemian Rhapsody
Bohemain Rhapsody ဇာတ်ကားသည် ၀င်ငွေ (၁၄) သန်းဖြင့် Box Office နံပါတ် (၅) နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ ကမ္ဘာကျော် Queen အဖွဲ့ဖြစ်ပေါ်လာပုံနှင့် အဖွဲ့၏ ပင်တိုင်အဆိုတော် Freddie Mercury ၏ ဘ၀အကြောင်းကို ပြန်လည်ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။
 
Source: Boxoffice
The Ladies News
 

 

Vote: 
No votes yet

Add new comment